CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday 28 June 2008

“နင်ရယ်…”


ဒီအချိန်လေးတွေ...
ငါ့ ၀င်သက်ထွက်သက်တွေ မှန်ကန်နေတာ နင့်ကြောင့်ပါ...
ငါ့ ခြေလှမ်းတွေ အလှည့်ကျ ဆန့်ထုတ်တိုင်း နင့်ဆီကို ဦးတည်မိတာ...
ငါ့ စိတ်ခံစားမှုတွေ ရွက်လွှင့်တိုင်း နင့်ဆီပဲ ရောက်ရောက်သွားတတ်တာ...
ငါ့ မျက်ဝန်းတွေထဲ ပုံရိပ်တွေ လာလာထင်ဟပ်တိုင်း နင်ပဲ ထင်ထင်နေတတ်တော့တာ...
ငါ့ နှလုံးသား လက်ဝဲရင်အုံကို တစ်ရံမလပ် ရိုက်နှက်တိုင်းကို တမ်းတနေမိတာ...
ငါ့ နားတွေကလည်း နင့် စကားသံတွေပဲ ယဉ်ပါးနေတတ်တာ...
ငါ့ လက်တွေ ထိတွေ့ကိုင်တွယ် မိသမျှ နင့်လက်ဖ၀ါးနုနုငယ်လား အမှတ်မှားမိတာ...
နင်နဲ့  ပက်သတ်လို့ ငါ့ပျော်ဝင်မှုတွေ တခန်းရပ်ဖို့ အသင့်မဖြစ်သေးတာ....
ခွင့်လွှတ်ပါ...။

မောင်ငယ်

Friday 27 June 2008

“ကျဆုံးခန်း”


နင့်အကြောင်းတွေ
အိပ်မက် မက်ချင်လွန်းလို့တဲ့
ငါ့အိပ်မက်တွေထဲမှာတောင်
ငါပြန်အိပ်တတ်နေပြီ
ဟုတ်ကဲ့ အခုထပါပြီ …။
အမှောင်ထုတွေ လင်းလက်တဲ့
ငါ့အခန်းငယ်ထဲ
အလင်းတန်း တစ်စက်ကျရောက်လာဖို့လဲ
ငါမဖိတ်ခေါ်ဘူး
အမြင်တွေ ကျင့်သားရနေလို့…။
အခမဲ့ ပေးခဲ့တဲ့ အချစ်တွေ များတယ်
စွန့်လွှတ်ခြင်းကို ကျေနပ်စွာ
လက်ခံရောင့်ရဲ့နေတတ်တဲ့ ငါ့ နှလုံးသားကို
ဒီနေ့ အကျဉ်းချပစ်မယ်...။
အသဲကွဲဖူးမှ ခံစားချက်ပြင်းတယ် ဆိုတဲ့
အသံလှိုင်းတွေ ဖျောက်ပစ်လိုက်
မတိုက်ဆိုင်လွန်းလို့ ပါ
အခုလို……….. ကြ...။
တစ်ယောက်ယောက်များ နားလည်မလား ?
အက္ခရာတွေ ကင်းမဲ့တဲ့ စာသား
အသံတွေ ဗလာကျင်းတဲ့ စကား
ကိုယ်တိုင်ကြုံဖူး ရူးသွားမယ်...။

မောင်ငယ်