CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 15 October 2009

“ ချစ် ခင် စုံ မက် သဖြင့် ”


နုထွားပျိုမြစ် ကိုလိုနီလက်သစ်မလေးရေ
ကျည်တစ်တောင့် မဖောက်ပဲ
မင့် မျက်ဝန်းမျက်ဖန်အောက်
ပြားပြားမှောက်ကုန်သော မြေပိုင်ရှင်များ
ဟောတစ်ယောက် ဟောတစ်ယောက်
များ … များလွန်းလှချည့်

ကိုယ့်နှလုံးသားကလည်း
မွေးရာပါ ကျန်းမာလေတော့
အသစ်စက်စက် ပင်ပေါင်လုံးလိုပ
တရစပ် လွတ်ခုန်
ကိုယ့်နယ်မြေသစ်တွေလည်း ဆုံးရှုံးကုန်ပါပြီကွယ်

ကျန်နယ်မြေများစွာ
ငဲ့ကွက်စွာ လွတ်လပ်ခွင့်ပေးလို့ 
ကိုယ့်နယ်မြေတ၀ိုက်ကိုပဲ
ရက်စက်စွာ သိမ်းပိုက်ပါတော့
ရာသက်ပန်ပေါ့

ကိုလိုနီလက်သစ်မလေးရေ
မင့် သစ္စာတော်ခံယူကြောင်း
ရင်ခုန်သံ သက်သေအကောင်းစားများ
လက်ဆောင်ပဏ္ဍာ ဆက်သလိုက်ပါကြောင်း ... ။

မောင်ငယ်