့
ဒီကမ္ဘာ ကြီးပေါ်မှာ
များစွာ ... ဖြစ်တည်လာကြ
များစွာ ... ပျက်သုန်းသွားကြ
များပြားစွာ ... ဖြစ်တည်လာခဲ့ကြ
များပြားစွာ ... ပျက်သုန်းသွားခဲ့ကြတယ်
ဒီလိုပေါ့
မင်းနဲ့ ငါ မွေးဖွားလာခဲ့ကြ
ပြီးတော့ ကြီးပြင်းလာခဲ့ကြ
တို့  ဆုံတွေ့ ပြီးကာမှ သင်္ခါရတရားက ပါးလျလွန်းတယ်
ယှဉ်တွဲရမှာလား ရှင်ကွဲရမှာလား
ဘယ်အတွက်နဲ့ မှ မငိုပါနဲ့ လားကွယ် ... ။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
6 comments:
တရားနာသွားပါကြောင်းး အဲလေ.. ကဗျာဖတ်သွားပါကြောင်း =)
ယှဉ်တွဲရမလား ရှင်ကွဲရမလား မသိနိုင်ဘူးပဲ..
မငိုအောင် ပြောပြသောကဗျာအတွက် ကျေးဇူးတင်ပါသည်..
ဇာတ်ကြောင်လာကတယ် ဆရာသမား :)
တို့  ဆုံတွေ့ ပြီးကာမှ သင်္ခါရတရားက ပါးလျလွန်းတယ်
ယှဉ်တွဲရမှာလား ရှင်ကွဲရမှာလား
ဘယ်အတွက်နဲ့ မှ မငိုပါနဲ့ လားကွယ်
အဓိပ္ပာယ်သိပ်ရှိတဲ့ကဗျာလေးပဲညီလေးရေ
အမြဲအားပေးနေပါတယ်
လူတွေက အဓိပ္ပာယ်သိပ်ရှိတာတွေကို တယ်မဖတ်ချင်ကြပါလား...ဒါလည်းဇာတ်ခုံပေါ်က ဖြစ်ရပ်မှန်တခုပေါ့။။။ အဓိပ္ပာယ်မရှိတဲ့နေရာတွေမှာ လူတွေသိပ်စည်ကားတယ်
ကဗျာနဲ့တော့မဆိုင်ပါဘူးညီလေးရေ..အခုတလော စိတ်ထဲဖြစ်နေတာလေးတွေကို ညီလေးဘလော့ပေါ်မှာ ကွန်မန့်အဖြစ်အန်ချသွားတာပါ...
ခင်တဲ့
အကိုဆောင်းယွန်းလ
ယှသ်တွဲရမှာလား ရှင်ကွဲရမှာလား
သုံးနှုန်းသွားပုံလေး သဘောကျမိတယ်
သင်္ခါရတရားတွေ ပါးလျားတိုးတိတ်သွားချိန်မှာ မငိုမိဖို့ကတော့ သိပ်ခက်မယ်ထင်ပါတယ်
ဒါကို ဘဝလို့ ခေါ်သည်
တခါတွေးမိဖူးတာလေးနဲ့ တိုက်ဆိုင်လိုက်တာ။ မောင်ငယ်က ကဗျာလေးရေးထားတော့ အစ်မအတွေးထက် ပိုလှတယ်။ ဟုတ်တယ် တချိန်ချိန်တော့ ကွဲကြခွဲကြ ရမှာပါပဲ...
Post a Comment