့
ထားရာနေ စေရာသွား
နတ်ဖုရားမထံပါး အခစားဝင်
အမျက်တော် ကျေစေကြောင်း
စကားလုံးကောင်းများ ရှာဖွေ
အခါခါ သံတော်ဆင့်
ပြန်တမ်းတို့ လွင့်မလာတဲ့အရပ်မှာ
အခွင့်ကို မျှော်လင့်နေကြောင်းပါ သခင်...။
ပြန်စဉ်းစားပါဦး သခင်
သခင့်အလိုကျ နေပြခဲ့တာလည်း
ရင်တွင်းက မာနတို့  ပါးလျကုန်ပြီ
သခင်တောင်းခဲ့ဖူးသော ကတိ အထပ်ထပ်
သစ္စာရှိစွာ စောင့်သိနေလျက်ပါ
ဖောက်ဖျက်ရန်ရှိက အကျွန့်  အသက်
အလဲအထပ် ပြုပါတယ် သခင်...။
လူပင်မို့  ကြွမိတဲ့ အတ္တ
အခါမသင့်တဲ့ ခဏ
ထာဝရမှ မဟုတ်တာပဲ သခင်
အမျက်တော် မာန်ရှ
ထာဝရဆိုလျှင်ဖြင့် အကျွန့် ရင်ဘတ်
နုတ်နုတ်တာ စင်းပါတော့
အသည်းနှလုံးကို စဉ်းနှီးတုံးလုပ်
သင့်သလိုသာ သုံးပါတော့ သခင်...။
သခင်.. ဥပေက္ခာ ရှေ့ ထား
အကျွန့် ရင်ဝယ်တွင်း နေဆယ်စင်းမျှ
ပူလောင်ခြင်း ဗျာပါဒ
တစ်စ တစ်စ ထကြွနေတာ
သခင် မသိလေရော့သလား
နေနိုင်ရက်အား လွန်လွန်းလှပါတယ်
လှည့်မကြည့်ချင်လည်း ငဲ့ကြည့်ဖို့ 
ရွှေမျက်နှာတော် တစ်ချက် ၀င့်လျှင်ဖြင့်
ရင်တွင်း အပူတို့  ငြိမ်းအေးရပါပြီ သခင်…။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
15 comments:
မိုက်တယ်ဟေ့ ဘယ်လိုပြောရမလဲ အပိုဒ်တိုင်းကိုကြိုက်တယ်ညီငယ်ရေ ဒါနဲ့ရင်တွင်းမှာနေဆယ်စင်းပူတာ ဘယ်လိုကြီးလဲညီရ
ဟဟ
ကျနော့် ရင်၌ ခံစားဖြစ်တည်သမျှ အရာအားလုံး သူမ ထံပါးမှ အခစားဝင်ရောက်ခြင်းသာဖြစ်သည်။ ~
မောင်ငယ်ရေ---
အပေါ်မှာ ရေးထားတဲ့ စာပိုဒ် လေးနဲ့ တင်
သဘောပေါက် နားလည်ပေးပါတယ်ရှင်---
မျက်တော်ပြေ--- ကိုလာဖတ်ပါတယ်---
ကောင်းပါတယ်---ခံစားချက်ပါတာကိုး--
မောင်ငယ် တို့ ချစ်သူနှစ်ဦး ထာဝရ--
ပျော်ရွှင်နိုင်ပါစေ---
ငါ့ကောင်တော်တော်ခံစားတက်နေပါလား
မဟုတ်မှလွဲရော ထားသွားပြီလား မသိဘူး
ရေးပြီးသမျှ ကဗျာတွေထဲမှာ ဒီကဗျာလေး
အခိုက်ဆုံးပဲဟေ့
အသည်းနှလုံးကို စဉ်းနှီးတုံးလုပ်
သင့်သလိုသာ သုံးပါတော့ သခင်...။
ကြိုက်သွားပြန်ပြီ
မောင်ငယ်ရေ
ကဗျာတွေက မိုက်တယ်ကွာ
ရေလည်လည် ခံစားရတယ်
ရွှေမျက်နှာတော် တစ်ချက် ၀င့်လျှင်ဖြင့်
ရင်တွင်း အပူတို့  ငြိမ်းအေးရပါပြီ သခင်
ကဲ...အကိုတစ်ချက်ဝင့်လိုက်မယ် ဘာဖြစ်မယ်ထင်လဲ
ဟဟ
အားပေးနေတယ်ညီလေး
အစ်ကိုရေ
ဒီကဗျားလေးထဲက စာသားတွေက ခံစားချက်ရှိသူတိုင်းရဲ့ရင်ကိုထိလွန်းလှပါတယ်
ညီမ အကြိုက်ဆုံးကတော့ ဒီနှစ်ပိုဒ်ပါဘဲ....
ပန်စဉ်းစားပါဦး သခင်
သခင့်အလိုကျ နေပြခဲ့တာလည်း
ရင်တွင်းက မာနတို့  ပါးလျကုန်ပြီ
သခင်တောင်းခဲ့ဖူးသော ကတိ အထပ်ထပ်
သစ္စာရှိစွာ စောင့်သိနေလျက်ပါ
ဖောက်ဖျက်ရန်ရှိက အကျွန့်  အသက်
အလဲအထပ် ပြုပါတယ် သခင်...။
သခင်.. ဥပေက္ခာ ရှေ့ ထား
အကျွန့် ရင်ဝယ်တွင်း နေဆယ်စင်းမျှ
ပူလောင်ခြင်း ဗျာပါဒ
တစ်စ တစ်စ ထကြွနေတာ
သခင် မသိလေရော့သလား
နေနိုင်ရက်အား လွန်လွန်းလှပါတယ်
လှည့်မကြည့်ချင်လည်း ငဲ့ကြည့်ဖို့ 
ရွှေမျက်နှာတော် တစ်ချက် ၀င့်လျှင်ဖြင့်
ရင်တွင်း အပူတို့  ငြိမ်းအေးရပါပြီ သခင်…။
အားပေးလျက်
စန္ဒီမိုးမြင့်
ကိုမောင်ငယ်ရေ အခစားဝင်နေပါပေါ့လား အမျက်တော့ရှနေတယ်ထင်ပ အဆင်ပြေပါစေ ကဗျာလေးကောင်းတယ် ကောင်းသောညပါ :)
ဟုတ်လှချည်လား ကိုယ့်ဆရာ....
နုနုလေးနဲ့ကောင်းသဗျာ.....
ဂါဂါရေ အာသလိချနာ ပဲ ၊ ဒီထက်ပိုမပြောတော့ဘူးနော် :)
အမောင် ငယ် အသင့်မှာ သခင်က အချစ်အကျဉ်းထောင်မှာ တစ်သက်တစ်ခွန်းချမှတ်လိုက်ပြီးတဲ့ မနေ့ ကပဲ အမိန့် ချတယ်း)
ပုံ/
ရှေ့နေ မောင်မျိုး ( ဘီအီး အရက် )
အရမ်းကိုကောင်းတယ်ဟေ...ဘ၀တူတွေ ကိုယ်ချင်းစာပါတယ်ကွာ..ဟဟ :P
မောင်ငယ်... တတ်နေတယ်ပေါ့လေ ဟင်း ဟင်း ဟင်း
အာသလိချနာ - ပျက်+
ကောင်မလေးက အယူခံကို လက်ခံလိုက်ပြီလား ညီလေး။ အဆင်ပြေပါစေကွာ
ငါ့ ညီ ခံစားချက်လေးတွေကောင်းလိုက်တာ ..
သခင်မလေးကို ပြောပေးမယ်ဟေ့
Post a Comment