့
မညီမျှခြင်းတွေကြား ညီမျှခြင်းချပေးနိုင်တာ
အချစ်ပဲဆိုတာ ယုံစားပြီတဲ့နောက်
ကျနော် ပန်းတစ်ပွင့်ကို ဗဟိုပြုတယ်
ဝတ်မှုံတို့  လွင့်ပျံ့ ရာ လိုက်ကောက်
အနံ့ အဆင်းတို့  လူးလွန့် ရာ ၊
သင်းကြူရာ ၊ ထွန်းလင်းရာနောက်
တစ်ကောက်ကောက်...............
တ စ်ေ ကာ က်ေ ကာ က်....
တ စ်ေ ကာ က်...................
တ စ်.................................
.........................................။
ဒီလိုနဲ့ .....
အဆုံးအစွန်ထိ သွန်ချပေးလိုက်တော့
လက်ကျန်ဖြစ်တည်မှု အကတ်အသတ်တောင်
ပါးလှပ်သွားပြီ...........
တန်ပြန်သက်ရောက်မှုများက
အစိမ်းရောင် ခက်ထန်မှုများပဲ...။
မာယာများတဲ့ ကစားပွဲထဲ
ကျနော်လွတ်ကျသွားတဲ့ အချစ်ကြမှ
ဆားညှပ်သွားရတယ်လို့ ............
အနည်းဆုံးတော့ ကောက်ယူသုတ်သပ်
ဖုတ်ဖတ်ခါပြီး ကြည့်သင့်တာပေါ့ကွယ်...။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
11 comments:
ဒီကဗ်ာကေတာ့....။
>.<
ညီငယ်ရေ
မညီမျှခြင်းတွေကြား ညီမျှခြင်းချပေးနိုင်တာ
အချစ်ပဲဆိုတာ
အဲဒီစာသားအကြိုက်ဆုံးပဲ ကဗျာတွေရေရေလည်လည်
ကောင်းတယ်ကွာ မ တော့ဘူးလား ဟားဟား
မင်းလည်းတော်ကီကောင်းတယ် ဂေါ်ဖီစားထားတယ်မဟုတ်လားကွ
ပဲဂျီးလှော်ကြား ဆားညှပ်တာပဲ သိတာ...
သူ့ကျမှ တမျိုး...
း)
အင်းပုံစံကြည့်ရတာနဲနဲတော့
ငန်မယ်ထင်ပါ့............
ဟင်းးး....အစပိုင်းတော့ ပန်းကလေးနဲ့ တင်စားပြီး နောက်ဆုံးကျ ဆားဖြစ်သွားပါကောလား မောင်ငယ်း)
ဂါဂါရေ အနည်းဆုံးတော့ ဖုတ်ဖတ်ခါပြီးကြည့်သင့်တာပေါ့ကွာ နော့် ၊ အဆင်ပြေပါစေ ညီလေး :)
မညီမျှခြင်းတွေကြား ညီမျှခြင်းချပေးနိုင်တာ
အချစ်ပဲဆိုတာ ယုံစားပြီးတဲ့နောက်
ကျနော် ပန်းတစ်ပွင့်ကို ဗဟိုပြုတယ်
ကောင်းတယ်ကဗျာဆရာရေ-----
ဆက်ရေးပါ----
ဖုတ်ဖတ်ခါပြီး ကြည့်သွားတယ်ဗျာ။
ကိုမောင်ငယ်ရေ အင်းဘယ်လိုပြောရမလည်း ကဗျာလေးက လည်းကြေကွဲစရာလေးပါလား
ကဗျာဆရာ ဘယ်လိုဖြစ်တာလည်း အဆင်ပြေဘူးလားကွဲ့ ကောင်းသောနေ့ပါကိုမောင်ငယ်ရေ :)
ဟုတ်ပါ့ဗျာ...
ကိုတင့်ပြောသလို အနည်းဆုံးတော့
ဖုတ်ဖတ်ခါပြီးတော့ ကြည့်သင့်တာပေါ့......
ကောင်းတယ်ဗျ.....
“မာယာများတဲ့ ကစားပွဲထဲ
ကျနော်လွတ်ကျသွားတဲ့ အချစ်ကြမှ
ဆားညှပ်သွားရတယ်လို့ ............
အနည်းဆုံးတော့ ကောက်ယူသုတ်သပ်
ဖုတ်ဖတ်ခါပြီး ကြည့်သင့်တာပေါ့ကွယ်...။”
ဒီအပိုဒ်အကြိုက်ဆုံး
ဗဟိုပြုလိုက်တဲ့ပန်းတစ်ပွင့်ဘေးမှာ လွတ်ကျသွားတဲ့အချစ်တွေက များနေလို့လားမှမသိတာ ...း)
Post a Comment