့
ဗင်လာဒင်ရဲ့  အကြမ်းဖက်လုပ်ရပ်
WTC ညီနောင် မြေခလို့  ဗုန်းဗုန်းလဲကျတာလည်း
မင်းလေးကြောင့် မဟုတ်ရပါဘူး...။
ဟီရိုရှီးမား ၊ နာကာစကီ နျူကျဲခံရလို့  ပြာကျ
ကမ္ဘာသိ ငါသိ မင်းလေးလည်း အသိ
ဒါလည်း မင်းလေးကြောင့် မဟုတ်ရပြန်ဘူး...။
ကလီယိုပက်ထရာ ဇာပုဝါပါးလွမ်းခြုံ
ရောမအင်ပါယာ တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်တာ
မင်းလေး... မင်းလေးကြောင့်မှ မဟုတ်တာပဲကွယ်...။
ညို့ အားပြင်း မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းဆုံ
နှလုံးခုန် ကြိမ်နှုန်း ၁၅၀၀ ထိဆောင့်တက်
ငါ့ လက်ဝဲ နံရိုးနှစ်ချောင်း အက်တဲ့ ကိစ္စကတော့
မင်းလေးနဲ့  အသေအချာ သက်ဆိုင်နေပါတယ် ချစ်သူ...။
မောင်ငယ်
P.S ~ မပေါရတာကြာလို့  ပေါကြည့်တာပါ ။ :D
လွမ်းတယ် ပိုး
2 months ago
14 comments:
လိပ်မောင်ငယ် အဆုံးသတ်ကျတော့ ကိုယ့်ဘက် ကိုယ်ရပ်သွားလို့း)
ဟားဟား ညီငယ်တို့ကတော့ မိုက်တယ်ဟေ့
ရေးလိုက်တိုင်းအလန်းလေးတွေကြည့်ပဲကွ
ဟဟ
အဟဲ.. အဲ့ဒါတော့ ဟုတ်တယ်နော်။ ဟီရိုရှီးမား ဗုံးပေါက်တာ သူနဲ့တော့ ဆိုင်မှာ ဟုတ်ပါဘူး။
မျက်ဝန်တစ်စုံကြောင့်ဆိုရင်တော့ လက်ခံနိုင်တယ်ဗျို့။ ကောင်းလိုက်တဲ့ နှိုင်းယှဉ်ချက်။ :)
ဟေ့ကောင်.......................... မင်းကြောင့်
ငါတို့ နယ်သားတွေ ပေါမှန်းလူသိကုန်ပြီ ။
ပြန်ရှင်းပြလိုက် နယ်သားထဲမှာ ကျွန်တော်တစ်ယောက်ထဲ ပေါတာပါလို့ ။
မိုက်တယ်ကွာ.. မလိမ္မာဘူး.. ဟီးး.......
:P
နံရိုးအက်နေတယ်လား... ဟုတ်လား...
အရိုးအထူးကုနဲ့ ပြပြီး ကျောက်ပတ်တီးကိုင်လိုက်လေ...
မပေါ့နဲ့နော်... ဟဟဟ... :P
အဟိုးဟိုး.. ဒါတော့ မင်းလေးကြောင့်တဲ့လား.. :)
ဖတ်လို့ကောင်းမှကောင်း..
အီးဗန်းတော့ ရပြီ... အဟတ်ဟတ် နံရိုးအက်နေတယ်ဆိုကွ... အဲဒါကြောင့်ပြောတာ အကြီးတိုက်တဲ့ ဗော့ဒ်ကာတွေ အရမ်းမသောက်နဲ့လို့... ပြောသာပြောရတယ် တခါမှ မတွေ့ရသေးဘူး... :P
ဘာကိစ္စ နံရိုးက နှစ်ချောင်းတောင် အက်ရတာတုန်း..
=)
တော်သေးတာပေါ့ နံရိုးကအက်ပဲအက်သွားလို့.. ကျိုးလို့ရှိရင် အမှုပိုကြီးနိုင်တယ်... :D
ရေးချက်တွေကတော့ကတယ့်ဟက်(တ်)ထိစေမဲ့ကဗျာပဲ။
နောက်ကျနော်ရည်းစားစကားပြောရင်အဲလိုပြောမှဖြစ်
မယ်။ဟဲဟဲ
ဂလိုလည်းရတာပဲလား...
ဆရာမင်းလူရဲ့ ဦးမင်းလူကောင်းမှု စာအုပ်ထဲက ကဗျာတွေလိုပဲ..
ဂွတ် ..ဂလု..ဂလု..
ပေါသာပေါဗျာ... ပေါတယ် ဆိုတာက သူများရဲ့အမြင်။ ကိုယ့်အမြင်က ပျော်ပျော်နေတတ်တာ... :D။ ပျော်ပျော်နေသေခဲတဲ့။ ပျော်ပျော်နေတတ်ရင် ကျန်းမာမယ်။ ကျန်းမာရင် အသက်ရှည်မယ်... “ကျန်းမာခြင်းသည် လာဘ်တစ်ပါး လူပျံတော်ပတ္တမြား... ” အဲလေ... .. အင်း .. အဲလိုပဲပေါ့။ :P ....။ (နို့.. ဒါနဲ့.. ကဗျာလေး ကောင်းသဗျ။)
ဟီး နံရိုတောင်အက်နေပြီလား ကိုမောင်ငယ် ဟဟ
ရိုက်ချက်ကတော့ပြင်းတယ် မီးပွားဟုတ်ဘူး မောင်ငယ်
အဆင်ပြေပါစေ ကောင်းသောနေ့ပါ
Post a Comment