CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 9 September 2008

“တက် လိုက်ကြတာ ခွက်ခွက်လန်ပါလား”


တစ်နေ့ မနက်က ဘလော့ဂ်တွေလိုက်ဖတ်ရင် ကိုအိပ်မက်နက် ကြီးက တက် ထားတာတွေလို့ 
ဒေါ်ဒေါ်မှူး ကို သတင်းကောင်းသွားပေးမိပါတယ်(၀မ်းသာအားရ)။ ကိုယ့်အမှုကိုယ့်ပြန်ပါတ်မယ်
မှန်းသိရင် မပြောပဲတိတ်တိတ်လေးနေပါတယ် …အခုတော့၊အဟော့အဟော့ ..အာ မှားကုန်ပြီ
အဟင့်အဟင့်..။အသတ်ခံရပြီဗျို့  မှားပြန်ပြီ ၊ အ တက်(tag) ခံရပြီ အရပ်ကတို့ ရေ………....။
မထူးပါဘူး ရေးလိုက်တာပဲ ကောင်းပါတယ်။မရေးရင်လည်း Gtalk ကနေတစ်ဂျီထဲ ဂျီမယ်ဆိုပဲ။
ဓားကြိမ်းမကြိမ်းပဲ G talk ကြိမ်း၊ ကြိမ်းနေတယ် ။:P

ကိုယ့်ရဲ့ နာမည် --- မောင်ငယ်။
ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် ---မောင်ငယ် ၊မောင်ငယ်ရင်သွေး ၊ဟေယောင့်ကြီး ၊သယ်ရင်း ၊သရု(
друг)။
ကိုယ် ဒီမှာနေတယ် --- ဆွဲအားရှိတဲ့ အလုံးအကြီးကြီးပေါ်မှာ :P။
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် --- ကျုံးတစ်ပါတ် အရင်ပတ် (ကာရံညီပါတယ်နော် ဟီးဟီး)။
“ ကျနော်
ကြိုက်ဆုံးတွေက ”
အရောင်ဆိုရင် --- အသည်းကွဲရောင်၊(သူများပြောတာကြားဖူးတာပဲ) ။
အ၀တ်အစားဆိုရင် ---တောင်ရှည်ပုဆိုး နဲ့ တိုက်ပုံအကျီ င်္။:P
အစားအစာဆိုရင် ---ခတက်ချဉ်။
ပစ္စည်းဆိုရင် --- ကျနော့် ကွန်ပျူတာ (ခဏခဏ ဟမ်းလို့ )။
သီချင်းဆိုရင် --- အငြိမ့်မင်းသမီး ဆိုတဲ့ သီချင်း ။
“တော်တော်များများကတော့ ကျနော်နဲ့ အသားတကျ ရှိကြပါတယ်။”
စာရေးဆရာဆိုရင် --- တော်တော်များပါတယ်။
စာအုပ်ဆိုရင် --- မဟားဒယားကို များပါတယ်။
လိုက်ဖ်စတိုင်လ် --- ရိုးရိုးတွေး ၊မြင့်မြင့်ကြံ ၊မှန်မှန်လုပ် ။
ကိုယ့်ရဲ့ဝါသနာ --- အတွေးဖျန့် ကျက်ခြင်း ၊ ချိန်ထိုးဆန်းစစ်ခြင်း ။
အလိုချင်ဆုံး လက်ဆောင်
--- မိသားစုရဲ့ နွေးထွေးတဲ့ မေတ္တာ ။
ကိုယ့်ရဲ့ အချစ်ဆုံးသူက --- မာတာ ။
ကိုယ့်ရဲ့ အလေးစားဆုံးသူက --- ပိတု ။
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက --- နည်းတာမဟုတ်ဘူး ။
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက --- ကျနော်ကိုယ်တိုင်ပဲ (ဒါတောင် တစ်ခါတစ်လေ နားမလည်ချင်ဘူး ဟီးဟီး )။
ကိုယ့်ရဲ့ အမုန်းဆုံးသူက --- မွေးသေးဘူး ။
ရင်အခုန်ဆုံး အချိန် --- သိချင်လို့ လား ? မပြောပြဘူး ။ :P
အကြောက်ဆုံး အချိန် --- ဘယ်လိုမျိုးလဲ ? မကြုံဖူးဘူး ။
အပျော်ဆုံး အချိန် --- အိမ်ကို ခွင့်ပြန်ချိန် ။
အမှတ်တရနေ့ --- ဒီနေ့ ပဲ။ :D
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု --- လောကကြီး ငြိမ်းချမ်းပါစေ ။
အချစ်ဆိုတာ --- ကျနော့် ကောင်မလေးက ကျနော့်ကိုခေါ်တာ ။:D
အမုန်းဆိုတာ --- ရင်တစ်မိုက်ကို လောင်မြိုက်စေတဲ့ အရာ ။ (စာသားကို ယူသုံးထားပါတယ် )
အလွမ်းဆိုတာ --- အကျွမ်းတစ်ဝင် မရှိသင့်ပြန်ဘူး ။ဟူးဟူး
သံယောဇဉ်ဆိုတာ --- ပြန်ပြောရင် အမျှင်ကို မပြတ်တော့တာ ။ပြောတော့ဘူး ။:P
ဘ၀ဆိုတာ --- နေတတ်ရင် ကျေနပ်စရာကောင်းပါတယ်။
သူငယ်ချင်းဆိုတာ --- တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုကို အလဲအလှယ် ပြုလုပ်ထားတာပါ ။
ချစ်သူဆိုတာ --- တစ်ဖက်သတ်ပဲဖြစ်ဖြစ် ၊နှစ်ဘက်သတ်ပဲဖြစ်ဖြစ် ချစ်နေတဲ့သူ ။
ကိုယ့်ကိုကိုယ် ဒီလိုထင်တယ် --- လူသားဆန်တဲ့ လူတစ်ယောက် ။အင်း... သေချာလောက်ပါတယ် ။:D
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --- ယောင်္ကျားတံခွန် လူရည်ချွန်က ကောင်းကင်တံမွတ် ကြယ်ကိုဆွတ်လည်း မလွှတ်စတမ်း ရမြဲတမ်းတည့် ။
အပြောချင်ဆုံး စကားတစ်ခွန်း --- တစ်နေ့ တစ်ခုန် ဇလုံ ဘယ်ရွေ့ မလဲ ။ အဲအဲ မှားလို့ ..:D ။တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့ မလဲ ။

အင်း ကိုယ့်အလှည့်တော့ ပြီးသွားပြီ ။ဘယ်သူကို အလုပ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့..။
ဟာဗျာ… တက်စရာ လူလိုက်ရှာပါတယ် ၊ဒီလောက်တောင်ရှားနေပြီလား မသိဘူး ။ရှားရှားပါးပါး
နှစ်ယောက်ပဲ တွေ့ တယ်ဗျာ။ ကိုယ့်အရင် တက် တဲ့သူတွေ မနည်းပါလား ၊ တဂစ်ဂစ်နဲ့ …။:P
ကဲကဲ ကံဆိုးသူမောင်ရှင် နှစ်ယောက် အရောက် ဆင့်ခေါ်စေ ..။ဟီးဟီး..။

ကိုမင်းကျန်စစ်
မောင်သုည

နောင်တော် တို့ ညီတော် တက် သည်ကိုပြန်မရေးပါက မော်စကို ရောက်ပါက ဗော်ဒကာ တစ်ဝိုင်းစီဖြင့် အလျော်ပေးရ လတ္တံ။:P

မောင်ငယ်



6 comments:

မင်းကျန်စစ်။ said...

ဟိုက် ဖြစ်ချေဘူး။
အမြန်တက်ကျွေးတွေ ဆပ်မှပဲ။
နာမည်ကသာ မောင်ငယ် သောက်တဲ့စကေးမှာတော့ ငယ်ပုံမပေါ်ဘူး။
တက်ကြွေးရေးပေးရင် ပြန်တိုက်မှာလား :D

emayarKhin said...

အကိုရေ.........
အမှန်တွေချည်းပဲလား.....
မထင်ရဘူးနော်............

mgthonnya said...

Tag တာကဟုတ်ပြီ..အကြွေးတော့နဲနဲစောင့်ဦးဗျာ..
သောက်ညင်ကတ်ချင်ဖွယ်ကောင်းအောင်ကျောင်းကြီးစွတ်
တတ်နေရလို့..:P

သူဟာနဲ့သူရေးသွားကြတာဟုတ်နေတာပဲ..ကိုယ့်အလှည့်
ကြည့်ရေးရဦးမယ်(မျက်စိပိတ်မရေးတတ်လို့)

Anonymous said...

အပြောချင်ဆုံး စကားက တယ်မိုက်ပါလား မောင်ငယ်ရေ့ ဟိဟိ သားတို့ က ဘာမှလည်းလုပ်ပဲနဲ့  ပုဂံ ဘယ်ရွေ့ မလဲတဲ့ :)

ရိုးမြင့်အောင် said...

ညီလေးရေ.. တက်ကြွေး မရေးရင် အကို့ကိုပြော.. အကိုပါ လိုက်ခဲ့မယ်... အဟတ်ဟတ်...

မီးငယ် said...

ကျုံးအရင်တစ်ပါတ်ပါတ်ဆိုတော့ မန်းလေးသားလား..
မန်းလေးကဆိုရင်တော့ နင်ကငါ့နယ်သားပဲ... :D