CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 2 September 2008

"နိဂုံး"


အချစ်အကြောင်းလား….?
ပါးစပ်ပိတ် ပြန်အိပ်လိုက်
အထဲမှာ
လောင်မီးကျနေလို့ ပါ
ဖွဲမီးလိုပဲ
တမြည့်မြည့်နဲ့ လောင်မြိုက်
အဲဒါလေးကိုပဲ
နှစ်ခြိုက်နေမိတဲ့
ဒီ ငမိုက်သား
ထပ် မိုက်မှားခွင့်
မပေးနဲ့ ဦးလေ..။

လွမ်းဆွတ်မှုတွေ အကြောင်း
တစ်စေ့တစ်စောင်းလောက်…
သူ့ အကြောင်းဆိုရင်တော့
မနေ့ ကကျနော်က
ပိုသိပါလိမ့်မယ်
ဒီနေ့  အပြင်းစားတွေ ရေးခြစ်
ခံစားတဲ့ စုတ်ချက်
ပိုကြမ်းနေချိန်မို့ ပါ…။

အိပ်မက် !!! ဟုတ်လား..?
သိပ် တပ်မက်တွယ်ဖက်
တရစပ်
အကျွမ်းဝင်ခဲ့သူပေါ့
နှလုံးသွေးဖောက်
သစ္စာသွေး သောက်ခဲ့ကြသူလေ
(လက်တွဲ မဖြုတ်ကြကြေးဆိုပြီး)
သွေးသောက်ချင်းပေမဲ့ဗျာ
အတိုင်းအတာ တစ်ခုကျော်လွန်
ကဲကဲလွန်လွန်
နေရာယူလွန်းလာတဲ့ အိပ်မက်
ကျနော်ကိုယ်တိုင်ကပဲ သစ္စာဖောက်
နိုးထခြင်နဲ့ 
အဆုံးသတ်လိုက်ရတယ်
ဒီကောင် ဗိုင်းခနဲ့ လဲကျ
တစ်ဆက်တည်းမှာပဲ
ကျနော် ကိုယ်တိုင်လည်း
အိပ်မက်ရဲ့  ခြေရင်းမှာ
အိပ်မက်ခြင်းကင်းတဲ့ အိပ်စက်ခြင်းနဲ့ 
ကျိန်စာ သင့်ခဲ့ရ…။

မောင်ငယ်

4 comments:

ဖြိုးငယ် said...

ဟုတ်လှချည်လားမောင်ငယ်ရေ ...
ဘယ်လိုပြောရမှန်းကို မသိတော့ဘူး ..
လန်ထွက်နေတာပဲ

တင့်ထူးရွှေ said...

ကျိန်စာတွေကတော့သင့်နေတုံးပဲ ဂါဂါရေ ။

mgthonnya said...

အိပ်မက်ရဲ့  ခြေရင်းမှာ
အိပ်မက်ခြင်းကင်းတဲ့ အိပ်စက်ခြင်းနဲ့ 

ဟ...နာ့ခြေရင်းမှာအိပ်နဲ့လေ...အဟီး..စတာ
မိုက်တယ်..ခံစားချက်တွေပြင်းထန်နေတယ် :)

Unknown said...

မောင်ငယ်ရေ...မိုက်သဟ..ကဗျာလေးက ကိုယ်တိုင်ဝင်ခံစားနေရ
သလိုပဲ..အဟဲ..