CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 4 September 2008

“အချစ်နှင့် ခရီးနှင်ခြင်း”


တားမြစ်ထားတဲ့ အနားသတ်ထိ မရောက်သေးခင်၊
နယ်မြေသစ်များစွာ ရှေ့မှာ အိပ်မောကျနေတဲ့အခိုက်အတန့် ...။

တို့ အတူ…
လွင်ပြင်ကျယ်မှာ လေပြေနဲ့ အတူလွင့်မြော..
ကုန်းပြင်မြင့်တွေတစ်ဝိုက် အပြိုင်းအရိုင်း ပေါက်ရောက်ရှင်သန်ကြ ..
စမ်းချောင်းငယ်ထဲ ရောနှော စီးဆင်း...။

တစ်ဘက်စွန်းစီရပ် ရင်ရဲ့  ရောင်စဉ်တွေနဲ့ ၊
သက်တန့် တစ်ခု အပြီးသတ်ဖန်ဆင်း..
ညစဉ် ပါးပြင်ပေါ် ကြယ်တွေ အစင်းစင်းကြွေခ ..
ကဗျာပေါ်မှာ ခံစားမှုကို စိတ်လိုလက်ရ အကုန်တင်သွင်း...။

နေ့ နေ့ ညည လက်တွဲလျှောက်လှမ်းမယ့် လမ်းတိုင်း ၊
အမွှေးပန်းရနံ့ တို့  အကန့့်လိုက် အကန့် လိုက် သင်ပျံ့ နေလတ္တံ ..
လတ်ဆတ်ဖြူစင်တဲ့ စံပယ်တစ်ခက်က မင်းအတွက်သီးသန့် ...။

အရည်ရွမ်း ပန်းသီးတစ်လုံး ဝေမျှစားသုံးရင်း ၊
နွေ၊ မိုး၊ ဆောင်း သဘာဝအတိုင်း နု၊ ရင့်၊ ကြွေ၊ လွင့် ၊
အရောင်တွေ အစဉ်လိုက် ပြောင်းလဲမှုကို လက်ခံ..
သူစိမ်းတရံ မဆန်ဖို့ ပဲ ပိုလိုတယ်…။

မောင်ငယ်

4 comments:

တင့်ထူးရွှေ said...

လွင့်နေတာပဲစကားလုံးတွေက
အရည်ရွမ်း ပန်းသီးတစ်လုံး ဝေမျှစားသုံးရင်း ၊
နွေ၊ မိုး၊ ဆောင်း သဘာဝအတိုင်း နု၊ ရင့်၊ ကြွေ၊ လွင့် ၊
အရောင်တွေ အစဉ်လိုက် ပြောင်းလဲမှုကို လက်ခံ..
သူစိမ်းတရံ မဆန်ဖို့ ပဲ ပိုလိုတယ်…။
ကောင်းပ ဂါဂါရာ ..။

စန္ဒီမိုးမြင့် said...

အစ်ကိုရေ
ဒီတစ်ခါအရည်ရွမ်းရွှမ်းပန်းသီးစားရင် ကျွေးအုံးနော်
စာသားတွေက ကောင်းတယ်ဆိုတာထက် ပိုကောင်းတယ်

ဖြိုးငယ် said...

အရောင်တွေ အစဉ်လိုက် ပြောင်းလဲမှုကို လက်ခံ..
သူစိမ်းတရံ မဆန်ဖို့ ပဲ ပိုလိုတယ် ...
မှန်တယ်ဟေ့ .. လက်ခံရမှာပေါ့ .. ကဗျာလေး
ကောင်းတယ်ကွ

thihanyein said...

ညီရေ
နေ့ နေ့ ညည လက်တွဲလျှောက်လှမ်းမယ့် လမ်းတိုင်း ၊
အမွှေးပန်းရနံ့ တို့  အကန့့်လိုက် အကန့် လိုက် သင်ပျံ့ နေလတ္တံ ..
လတ်ဆတ်ဖြူစင်တဲ့ စံပယ်တစ်ခက်က မင်းအတွက်သီးသန့် ...။
ကောင်းတယ်ကွာ မိုက်တယ်