CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 16 September 2008

"ဇီဝလိုအင်"


Sleeping is the biologically need .(10 th standard)

ညအိပ်ဝတ်စုံကို အချိန်မတန်ခင် ခွာချ
သမ်းဝေခြင်းနဲ့  နံနက်ခင်းသစ်ကို ကြိုဆိုကြ...။

လူတောတိုးတဲ့ အ၀တ်အစားတွေဝတ်
လူတောထဲ တိုးဝင် ရုန်းကန်ကြ...။

အိပ်ကပ်တွေ ဦးခေါင်းတွေ ၀မ်းဗိုက်တွေ ဖောင်းဖို့ 
မျက်လုံးတွေ ဟောက်ပက် ကျိန်းစပ်နေကြ...။

အလိုရမ္မက် မလိုအခက်တွေ ပိုင်ဆိုင်ရင်း ဆုံးရှုံးရင်းနဲ့ 
ခန္ဓာဓာတ်သက်တွေ လျော့ပါးဆုံးရှုံးကြ...။

သွားကြ ပြန်ကြ ရွှေ့လျားစီးမြောတဲ့ အခိုက်
ကိုယ့်အိပ်ချိန် ကိုယ်ပြန်ခိုးရင်း ငိုက်မြည်းကြ...။

တစ်နေ့ တာ ကိစ္စအ၀၀ ကျောခိုင်းလို့ အပြီး
ရက်စွဲတစ်ရက်ကိုလည်း သမ်းဝေခြင်းနဲ့  ဆုတ်ဖြဲလုံးချေ
အလိုတူ အလိုပါ ခေတ္တသေဆုံးခွင့် ရကြတယ်...။

မောင်ငယ်

PS ~ မြေအောက်ရထားစီးရင်း အိပ်ငိုက်နေသူများကို တွေ့ မိ၍ ရေးထားခြင်းမျှသာဖြစ်ပါသည်။

8 comments:

သန့်စင် said...

ကဲ လာလေရော့ ငါအရင် ရေးရတဲ့ အလှည့်ကြုံပြီ နယ်နယ် ရေ .............................
ငါကတော့ ဇီဝ လိုအင်ပြည့်အောင် စာသင်ချိန်လဲ အိပ်ငိုက်တာပဲ ။ ပြန်ရောက်ရင်လဲ အိပ်တာပဲ ။ ချစ်သူကလဲ ပြောတယ်လေ မင်းသိတယ်မို့လား
ဝ တာက ဖက်ထားလို့ ရတယ်တဲ့ ဟိဟိ ။ ဒို့ကတော့
အိပ်ခြင်းသည် ငါ၏သစ္စာတရားပဲ ။

ညိမ်းညို said...

ညီလေးနဲ့ မောင်ခင်လေးကတော့ ကဗျာဉာဏ်ရွှင်ပ :)
ကြုံရတဲ့အခြေအနေတိုင်းကို ကဗျာမြောက်အောင်ရေးတတ်ကြတယ်။
ပျော်ရွှင်ပါစေ ညီလေးရေ ...။
အကိုလဲ ဇီဝဓာတ်များများရအောင် အိပ်လိုက်ဦးမယ် :P

တင့်ထူးရွှေ said...

ဂါဂါရေ ၊ စကားလုံးတွေ ကြိုက်တယ်ကွ၊ အပေါ်က အကိုကြီးပြောသလိုပဲ:P အကိုလဲ ဇီဝဓါတ် ယူလိုက်ဦးမယ်၊ ဂွတ်ည ညီလေး ။

သက်ထွန်းညိမ်း said...

ဒါတော့ လျှော့ပေးပါ ညီရာ
အကိုတို့လည်း အိပ်ငိုက်တတ်လို့ပါ
ဟားဟား ဟေ့ကောင် ညီငယ်
မင်းလည်းပါတယ်နော်
ဟဟ

Soe Mya Nandar Thet Lwin (Borros Roxo) said...

စကားလုံးတွေ သုံးထားတာ ကြိုက်တယ်။

အတွေးလေး လှတယ်။

SMNTL

Anonymous said...

လူတောတိုးတဲ့ အ၀တ်အစားတွေဝတ်
လူတောထဲ တိုးဝင် ရုန်းကန်ကြ...။

ဟုတ်ပါ့ကွာ အဲ့လိုရုန်းကန်ရတာ မောလှပြီး လုပ်ပါအုံးးးးးးးးးးးးး

mgngal said...

မောမောနဲ့ ပဲ ရုန်းကန်နေရတာပဲ ကိုမျိုးရေ။
ကွန်မန့် လာရေးပြီး အားပေးသွားကြတဲ့ သူတွေကို ကျေးဇူးတင်ပါတယ် ။ခွန်အားတွေ ရလိုက်သလိုပါပဲဗျာ။

ကြယ်ပြာ said...

အင်း ... ဒီမှာလဲ ဒီလိုပါပဲကွယ် ...း)