့
အနှစ်နှစ် အလလ ကတည်းက
ဖြစ်တည်နေတဲ့ နာဖျားခြင်းတွေ
နာလန်ထခါစ မနက်ခင်း
ပြတင်းတံခါးကို အသာအယာ တွန်းဖွင့်
'ကျွီ' စုပ်သပ်သံ တစ်ချက်ကြားတဲ့အခိုက်
သက်တမ်းရင့် အလွမ်းနာတို့ 
ပြတင်းတံခါးဆီသို့  တိုးဝှေ့ ပြေးလွှားလာကြ
ကျောပြင်ကိုရှပ်တိုက် ရိုက်သတ်တော့မယ့်အထာနဲ့ 
ခပ်မိုက်မိုက် တစ်ချက်လှည့်ကြည့်ပြီး
ဒီရင်ကို စုံကန်ထွက်တယ်...။
အိပ်မက်တစ်ချို့ လည်း ရောကောသောကော
ညှပ်ပါသွားတာ မမြင်လိုပဲ သိလိုက်ရ...။
သူတို့ လည်း ဒီအခန်းထဲမှာ နေရတာ
မွန်းကြပ်နေပြီ ထင်ပါရဲ့ ...။
စာနာ နားလည်ပေးကာ မှပဲ
ပြန်လှည့်ပြေးလာကြပြီး
အစုအဝေးနဲ့  သံပြိုင်အော်တယ်
"ကာရန်မဲ့နေတဲ့ ရင်ခွင်က ရင်ကြွင်းဒဏ်တွေ မင်းပဲခံတော့" တဲ့ဗျာ...။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
7 comments:
ကာရန်မဲ့နေတဲ့ ရင်ခွင်က ရင်ကြွင်းဒဏ်တွေ မင်းပဲခံတော
ကောင်းတယ်ညီရေ ကောင်းတယ်ကွ
ကာရံမဲ့လေးတွေကို အရမ်းနှစ်သက်သူမို့
ဖတ်လို့ အရမ်းကောင်းတာဘဲ..
ကာရန်မဲ့နေတဲ့ ရင်ခွင်က ရင်ကြွင်းဒဏ်တွေ မင်းပဲခံတော့တဲ့လား အဲ့လိုတော့ ဘယ်ကောင်းမလဲကွာ ဟုတ်ဘူးလားး) ကဗျာတွေကတော့ အလန်းစားတွေ မိုက်တယ်။
ဒါဝဋ်ကြွေးပဲ အချစ်ရေ ..သီချင်းလေး သတိရမိတယ် ဂါဂါ ...။
ဒီကဗျာလေးကို ကြိုက်တယ်။
Keep On..
SMNTL
ခပ်မိုက်မိုက်ကြည့်ရင်း ရင်ကိုစုန်ကန်ထွက်ကြတာတော့ အမှန်ပဲ။ ဖတ်ရတာ အသက်ဝင်၏
"အနှစ်နှစ် အလလ ကတည်းက
ဖြစ်တည်နေတဲ့ နာဖျားခြင်းတွေ
နာလန်ထခါစ မနက်ခင်း
ပြတင်းတံခါးကို အသာအယာ တွန်းဖွင့်
'ကျွီ' စုပ်သပ်သံ တစ်ချက်ကြားတဲ့အခိုက်
သက်တမ်းရင့် အလွမ်းနာတို့ 
ပြတင်းတံခါးဆီသို့  တိုးဝှေ့ ပြေးလွှားလာကြ
ကျောပြင်ကိုရှပ်တိုက် ရိုက်သတ်တော့မယ့်အထာနဲ့ 
ခပ်မိုက်မိုက် တစ်ချက်လှည့်ကြည့်ပြီး
ဒီရင်ကို စုံကန်ထွက်တယ်...။"
နယ်သားရာ မင်းက တော်သေးတယ် ငါ တော့ တံခါးပေါက်ဖွင့် အိပ်လိုက်တာ ဖျားတော့တာပဲ အနှစ်နှစ် အလလ လားဘာလားတော့ အသိဘူး
ကျောင်းတစ်ရက် မတက်လိုက်ရဘူး
Post a Comment