့
ကဗျာနှစ်လိုသူ အားလုံး
ကလောင်သွား တစ်သသနဲ့ 
ရှေ့ ကို တစ်လှမ်းပြီးတစ်လှမ်း
ခံစားမှု အသစ်အသစ်တွေ
လက်ဝေကမ်းလိုက်ကြ...။
ငါတို့ ကဗျာတွေပေါ်
လာ ၀င်စားလှည့်
အရွယ်သုံးပါး မရွေး
အကြောင်းသုံးပါးမရွေး လက်ခံရဲ့ ..။
ငါတို့ ကဗျာတွေက
ဥတုရာသီကိုလည်း မမှီဘူး
ဒါကြောင့် နာဖျားခြင်းလည်း ကင်းရဲ့ ..။
ငါတို့ ကဗျာတွေရဲ့ 
ဝိဥာဉ်က မသေဆေးကို ခဏတိုင်း မြိုချ
သေဆုံးခြင်း အလျဉ်းကင်းတယ်..။
ငါတို့ ကဗျာမှာ
ပြဌာန်းချက် မဲ့ တယ်
မူကြမ်း မရှိဘူး
ဈာန်ဝင်စားတိုင်း ဖန်တီး
အတွေးဆန့် ထွက်တိုင်း ဖန်တီး
ကြေကွဲတိုင်း ဖန်တီး
ပေါက်ကွဲတိုင်း ဖန်တီး
လွမ်းလွမ်းဆွေးဆွေး သူ့ ကို ရေးကြ
ဘေးတော့ မဖြစ်စေနဲ့ ..။
ငါတို့ ကဗျာနဲ့ 
အချစ် အကြောင်း
အိပ်မက် အကြောင်း
ဘ၀ အကြောင်း
အကြောင်းပေါင်းများစွာ အကြောင်း
ဓမ္မဓိဠာန် ကျကျ
အဓိပ္ပါယ် ဖွင့်ဆိုကြ
ကဗျာတွေ ကဗျာတွေ
မရေမတွက် နိုင်အောင်ရှိသေးကြောင်း
နောင် နှစ်ပေါင်းများစွာကြာမှ
မင်းကို ကဗျာတစ်ပုဒ်နဲ့ 
ထပ်ရှင်းပြမယ် ...။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
9 comments:
not bad at all ^_^
မရှင်းပါနဲ့ တော့ နားလည်ပါပြီတဲ့း)
ထပ်ရှင်းပြမဲ့ကဗျာတစ်ပုဒ်ကို
ထပ်မျှော်နေပါတယ်ဗျာ.....ကောင်းသောနေ့ပါ....
ထပ်ရှင်းမှာကလည်းး အကြာကြီးစောင့်ရအုံးမှာလား.. :)
ညီလေးရေ မိုက်တယ်ကွာ တစ်ကယ်ကိုပဲ
အဲလိုကဗျာကိုဖတ်ရတာ အနှစ်သာရ အပြည့်ပဲကွ
စာကြောင်းတိုင်းကကောင်းနေတော့ဘယ်စာကြောင်းကို
ပြန်ပြောရမလဲ လိုက်ရှာနေတာ မတွေ့လို့ညီလေးရေ
အကုန်လုံးကောင်းတယ်ကွာ ကြိုက်တယ်ကွာ
အားပေးတယ်ညီလေး ဆက်ရေးကွာ
တော်ပြီ သိပြီ :P
အင်း ကဗျာ ကဗျာ....
ညီလေးပြောသလိုပေါ့... စုံနေပါပြီ ဘာမှ ထပ်မပြောတော့ဘူး.. အဟတ်ဟတ်...
ကောင်းတယ်ညီလေးရေ... အားပေးလျှက်ပါဗျာ...
နယ်သား မင်း ရေထဲ ဆင်း ပြေးပြီးမှ ပြောပါလား ဟ အဲ့ဒါဆို ပို ပြီး အဓိပ္ပယ်ရှိသွားမယ်ထင်တယ်ကွ ဟဲဟဲ
ငါ့နယ်သား တစ်ယောက် ကဗျာတွေ ရေးရင်း တစ်ဘက်ကလည်း အွန်နိုင်ပါစေ ဗျာ
ငါတို့ ကဗျာမှာ
ပြဌာန်းချက် မဲ့ တယ်
မူကြမ်း မရှိဘူး
ဈာန်ဝင်စားတိုင်း ဖန်တီး
အတွေးဆန့် ထွက်တိုင်း ဖန်တီး
ကြေကွဲတိုင်း ဖန်တီး
ပေါက်ကွဲတိုင်း ဖန်တီး
လွမ်းလွမ်းဆွေးဆွေး သူ့ ကို ရေးကြ
ဘေးတော့ မဖြစ်စေနဲ့ ..။
သဘောတူ၏။......
Post a Comment