CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 23 September 2008

"အခွံ"


ဘ၀က အနေမတတ်ရင်
သောက်သုံးသူ မရှိတော့တဲ့
သဲရေအိုး တစ်လုံးလိုပဲ
တစ်စက်ချင်း တစ်စက်ချင်း စိမ့်ထွက်
နောက်ဆုံး.................................
ကိုယ့်အတွက်တောင် ဘာမှမကျန်ဘူး...။

မောင်ငယ်

12 comments:

ဖြိုးငယ် said...

မှန်လိုက်လေ မောင်ငယ်ရေ ..အခွံပဲကျန်တယ်

အညာသား said...

တော်သေးတာပေါ့ဗျာ။
အခွံပါ ၀ါးစားသွားရင် ဒုက္ခနော်။ :D

တင့်ထူးရွှေ said...

ဂါဂါ အခွံ့လေးတော့ ကျန်အောင်ချန်ထားဦး :)

Unknown said...

ကောင်းသဗျာ အတွေးက ဂွတ်ပဲ ကိုမောင်ငယ် အနှစ်ကဘယ်ရောက်သွား ဟဲဟဲ :P

Anonymous said...

အမှန်တွေ သိပ်မရေးပါနဲ့ ကွာ ဒီကကောင်က လောကကြီးကို တော်တော် စိတ်ကုန်နေလို့ ပါ ............။

ဇနိ said...

ကိုယ်တွက်လေးလည်းကျန်မှ ဖြစ်မယ်..

မင်းကျန်စစ်။ said...

ရတယ် မှုဘူး အခွံပဲကျန်လဲ
အိုးခြမ်းပဲ့ကို ဒိုးဝိုင်းလေး လုပ်ပြီး ဒိုးပစ်ကြမယ့် ကလေးတွေတော့ ရှိမှာပဲ :P

ရွှေပြည်သူ (ShwePyiThu) said...

တိုတိုလေးနဲ့ ထိမိအောင် ရေးတတ်ပါတယ်။ သိပ်မှန်တာပဲ မောင်ငယ်ရေ...

အိုင်လွယ်ပန် said...

အဟီး....
ရောက်လာပါတယ်.....
အခွံပဲကျန်တော့တယ်......:p

အတွေးလေးကောင်းတယ်ဗျာ....GOOD!

Anonymous said...

အတွေးလေးက တော့ ဂွတ်ရှယ်ပဲ

တိုတိုနဲ့ ထိမိစွာရေးတတ်တယ်

အင်မတန်ကောင်းပါတယ်

ညိမ်းညို said...

ဒီကဗျာ တအားကြိုက်တယ်ညီရာ

mgthonnya said...

အားမငယ်နဲ့..အဲဒီအခွံနဲ့ရေခပ်သောက်လို့ရသေးတယ်..:P