့
ပင်ယံထက်က ကြွေလွင့်သွားတဲ့
ရော်ရွက်ဝါတစ်ချပ် ညှာတံကစွန့် ခွာ
ဒါ သူ့ ဝအဆုံးသတ်သွားကြောင်း
ကောင်းစွာ မသိလိုက်ရဘူး...။
မှန်လှောင်ကန်ထဲက အလှမွေး ငါးတစ်ကောင်
ဘောင်ကျဉ်းကျဉ်းနဲ့  ရေတိမ်မှာနစ်မွန်းတယ်
ပင်လယ်ကြီး ဘယ်လောက်ကြီးမားကြောင်း
သိနားလည်ဖို့  ဥာဏ်မမှီခဲ့ဘူး...။
မွေးရာပါ မျက်မမြင်ကလေးငယ် တစ်ယောက်
အိုမင်းရင့်ရော် သေဆုံးတာသွားခဲ့တယ်
အရောင်တွေ မည်မျှဆန်းပြား ခမ်းနားကြောင်း
ကျေနပ်လောက်အောင် သိမသွားခဲ့ရပြန်ဘူး...။
တစ်မျိုးပြီး တစ်မျိုး သံစဉ်တွေ မရိုးအောင်
ဖွင့်ချပေးခဲ့တဲ့ ဂစ်တာတစ်လက်
သူ့ ရင်တွင်းဖြစ်တွေ ပြန်ခံစားဖို့  နားတစ်စုံလိုကြောင်း
ခုထိ သိနိုင်စွမ်း မရှိသေးဘူး...။
ချစ်သူကို ဆက်နှင်းခြင်းခံရတဲ့ နှင်းဆီပန်းတစ်စည်း
သွေ့ ခြောက် ကြွေလွင့်တာ သွားတယ်
အပ်နှင်းသူရဲ့ တန်ဖိုးထားမြတ်နိုးမှုများ သူ့ မှာကိန်းဝပ်နေကြောင်း
ချစ်သူနှစ်ဦးလို သိခွင့်မရလိုက်ရှာဘူး...။
ကျနော်ရင်၌ ခံစားဖြစ်တည်သမျှ
အရာအားလုံး သူမ ထံပါးမှ
အခစား ၀င်ရောက်ခြင်းဖြစ်ကြောင်း
ကျနော်လည်း ကောင်းစွာ မသိသေးဘူး...။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
9 comments:
good. ^_^
တစ်မျိုးပြီး တစ်မျိုး သံစဉ်တွေ မရိုးအောင်
ဖွင့်ချပေးခဲ့တဲ့ ဂစ်တာတစ်လက်
သူ့ ရင်တွင်းဖြစ်တွေ ပြန်ခံစားဖို့  နားတစ်စုံလိုကြောင်း
ခုထိ သိနိုင်စွမ်း မရှိသေးဘူး...။
အဲ့ဒါတော့ ဟုတ်တယ်။ ကျွန်တော်ထောက်ခံတယ် ။ ကောင်းတယ်ဗျာ ကဗျာလေးက ခံစားချက်တွေ တော်တော်ထည့်ပြီး ရေးထားလား
ကဗျာတွေကတော့ အလန်းတွေပဲညီရေ
ချစ်သူကို ဆက်နှင်းခြင်းခံရတဲ့ နှင်းဆီပန်းတစ်စည်း
သွေ့ ခြောက် ကြွေလွင့်တာ သွားတယ်
အပ်နှင်းသူရဲ့ တန်ဖိုးထားမြတ်နိုးမှုများ သူ့ မှာကိန်းဝပ်နေကြောင်း
ချစ်သူနှစ်ဦးလို သိခွင့်မရလိုက်ရှာဘူး...။
အဒါလေးကြိုက်တယ်ကွာ
ခံစားချက်တွေအပြည့်ပဲလားညီ
မိုက်တယ် မောင်ငယ်ရေ..
ကဗျာလေး အရမ်းတယ်ကွာ
ချစ်သူကို ဆက်နှင်းခြင်းခံရတဲ့ နှင်းဆီပန်းတစ်စည်း
သွေ့ ခြောက် ကြွေလွင့်တာ သွားတယ်
အပ်နှင်းသူရဲ့ တန်ဖိုးထားမြတ်နိုးမှုများ သူ့ မှာကိန်းဝပ်နေကြောင်း
ချစ်သူနှစ်ဦးလို သိခွင့်မရလိုက်ရှာဘူး...။
ဒီအပုဒ်လေးကောင်းတယ်
ခံစားချက်တွေ များများရေးလေ ကောင်းလေပါပဲအားပေးနေပါတယ်
ခင်မင်လျက်
မသက်ဇင်
မောင်ငယ်က အချစ်ကဗျာ နုနုလေးတွေ ရေးတက်လိုက်တာ အားကျတယ် ခံစားချက်အမှန်တွေကြောင့်ဖြစ်မယ် ......။
ကျနော်ရင်၌ ခံစားဖြစ်တည်သမျှ
အရာအားလုံး သူမ ထံပါးမှ
အခစား ၀င်ရောက်ခြင်းဖြစ်သည်။ သူမ ကြောင့်ပါဗျာ ။:D
ဒီကဗျာလေး ကြိုက်တယ် ကိုမောင်ငယ် ရှယ်ပဲ :)
တစ်ပုဒ်လုံးကောင်းတယ်ဗျိုး ....
သေချာ ဖတ်ရှု့ခံစားသွားပါကြောင်း
Post a Comment