CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday 26 September 2008

"ထိပ်တိုက်"


ကျုပ်ကပဲ အကောင် မကြီးလို့ လား
ခင်ဗျားကပဲ အချိန်မစီးလို့ လားတော့ မသိဘူး
ခင်ဗျားလို သောက်ရူး ကဗျာတွေ ၊ စာတွေ
ကျုပ် အခု ရေးမိပြန်ပြီ
ဝါတွေ သဘာတွေ လာမပြောနဲ့ 
ကြီးကြီးသေးသေး ကျုပ်ကလည်း လူမရွေးဘူး
ရေဝေး ဆိုတာ ခင်ဗျားတို့  ကျုပ်တို့  အတွက်...။

ကျုပ်ပခုံးကို ရှပ်ရှပ် တိုက်မသွားနဲ့ 
တွန်းတိုင်း ၊ တိုက်တိုင်း နဲ့ နဲ့ ပါရအောင်
ကျုပ် အုတ်မြစ် ကျုပ်ချ ကျုပ်ဘ၀က
ခပ်ရွရွလေး တည်ဆောက်ခဲ့တာ မဟုတ်ဘူး...။

ပေစောင်းစောင်း မကြည့်နဲ ၊့ မရိနဲ့ ၊ မငြိနဲ့ 
ရှင်းလား ..... ကျုပ်ကတော့ ခပ်ရင့်ရင့်ပဲ
သိပ်တိုက်ခိုက်ချင်ရင် တည့်ဝင်လာခဲ့
ကျန်တာတွေဒိုး ဘာအားကိုးမှ မလိုဘူး
ရင်ဘတ်ချင်းရိုက် နဖူးရိုးချင်း ယှဉ်တိုက်မယ်
ဘယ်သူ အရိုးကျစ်ကြောင်း အရေထူကြောင်း
လယ်ပြင်မှာ ဆင်သွား အရှင်းသား
ခင်ဗျား တွေ့ ရလိမ့်မယ်...။

မြန်မာသွေးချင်း အတူတူ အနူနူ
ဘယ်သူ့ အတွက် ဘာ့အတွက်ပဲ စတေးစတေး
လက်ကိုင်ပြုတာချင်း မတူညီမှတော့လည်း
ဘယ်သူ့ သွေး ပို နီဆွေးကြောင်း
''ဗြောင်း'' ဆိုတဲ့ အသံတစ်ချက် အပြီးမှာ
ကျုပ် ခွက်ကြီးကြီးနဲ့  ခံပြမယ်...။

မောင်ငယ်

16 comments:

Anonymous said...

အယ် ..ဘာဖစ်တာလဲ တားတားတို့ လည်းဘာမှမသိလိုက်ပါလားနော် ကြောက်လို့ ပြေးပြီးး) ဒါနဲ့  နောက်ခံအနက်ပေါ်မှာဆိုတော့ အဖြူနဲ့ ပဲရေးပါလား မျက်လုံးစူးလို့ အကြံပေးတာနော့် ဆြာလုပ်တာမဟုတ်ဘူးးးးး :P

thihanyein said...

ညီငယ် ပေါက်ကွဲနေပါလား
ဘယ်သူ့ သွေး ပို နီဆွေးကြောင်း
''ဗြောင်း'' ဆိုတဲ့ အသံတစ်ချက် အပြီးမှာ
ကျုပ် ခွက်ကြီးကြီးနဲ့  ခံပြမယ်...။
ကောင်းတယ် ညီငယ်ရေ ဆက်ချကွ

emayarKhin said...

တယ်ဟုတ်ပါလား................
ကြမ်းလည်းကြမ်းတယ်...........
ရမ်းလဲရမ်းတယ်.................
ဒါပေမယ့်....ကောင်းတယ်............

သန့်စင် said...

နယ်သားရေ ငါကပဲ မျက်စိမှုန်လာ လို့လားတော့ မသိဘူး သိပ်မမြင်ရဘူးကွ ။ အနီနဲ့ ဆိုတော့ ပိုဆိုးတာပေါ့ကွာ ။ ငါကလဲ အကြံပြုတာပါ ။ ကဗျာလေးက ကောင်းတယ် ။ ငါက မင်းဘာရေးရေး
အားပေးတယ် နယ်သား ။ စိတ်ချ ။ ရဲဘော် .. ဆက်လုပ် ။

Mhu Darye said...

အဲလို ရှင်းလို့ရကြေးဆိုရင်လည်း အကောင်းသားလား....။
ခွက်ကြီးထဲက သွေးကိုလာကြည့်ဦးမယ်....အရောအနှောတော့ မလုပ်ထားနဲ့ ဆရာ...။ ^_*

ရွှန်းမီ said...

အလိုလေး..
ကဗျာ ပေါက်ကွဲအား ပြင်းလှပါလား..
ဖတ်ရတာ စူးပြီးညက်နေတာပဲ .. ရေးသားပုံ မိုက်တယ်။
ပြီးတော့ အကြံပေးပါရစေနော်..
အနက်ရောင် အခံပေါ်မှာ အစိမ်းတွေ အနီတွေ ကြည့်ရတာ မျက်လုံးမသက်သာဘူး.. အရောင်လေးတွေ နည်းနည်း ညှိပေးပါနော်။

Anonymous said...

အမယ်... အကြီးတွေကြားမှာ မိုက်ကြေးလာခွဲနေပြန်ပြီ... ကောင်လေး မမိုက်နဲ့ ချယ်ဆီးလ်ပဲ အားပေး... အဟတ်ဟတ်... ကောင်းတယ်ညီလေးက ကဗျာက ... ဂွတ်ထပဲ...

ညိမ်းညို said...

ညီလေး မမိုက်နဲ့ လိမ္မာတော့ :P
JK.JK
အက်ရှင်ကဗျာတပုဒ်ပဲညီရေ ဖျောင်းခနဲ ဒိုင်းခနဲပဲ :)

Kaung Kin Ko said...

ကဗျာခံစားသွားတယ်။ ကဗျာအကြောင်းအရာနဲ့ ရေးတဲ့အနီရောင် လိုက်ဖက်တယ်။ စကားလုံးတွေ အားကောင်းတယ်။

မသက်ဇင် said...

ပေါက်ကွဲထွက်နေတာပဲ---
စိတ်လျော့ပါကွယ်--

တခုတော့ရှိတာပေါ့လေ-- ခံစားချက်ကို ဖွင့်ထုတ်လိုက်ရင် ရင်ထဲပေါ့သွားတတ်တယ်တဲ့--

ကဗျာတွေ ကောင်းတယ်--
ခင်မင်လျက်
မသက်ဇင်

mgthonnya said...

မိုက်သကွာ..ပေါက်ကွဲချက်ကတော့..ဗြန်းကနဲအပြင်ထွက်ကျ
လာမှာတောင်စိုးရတယ်။ :)

ဝေလေး said...

ဟ ဟ. ဘာတွေဖြစ်နေလည်း မရောက်တာကြာလို့.. ပေါက်ကွဲသံစဉ်တွေဖြစ်နေပါလား......
ချသာချ... :P
ဟိ ဟိ..
ကဗျာရေးတာတော်ချက်....

ကျွန်တော် said...

ကဗျာလေးက ခပ်ပြင်းပြင်း နဲ့ တော်တော်မိုက်တယ် အစ်ကိုရာ ကဗျာနဲ့အရောင်နဲ့ကလိုက်တယ်...အားပေးလျက်

အိုင်လွယ်ပန် said...

အသံကြားတာနဲ့တင်အနားကပ်ရမှာခပ်လန့်လန့်ရယ်..
အဝေးကနေဖတ်သွားတယ်.......
ကောင်းသဗျ.....

Unknown said...

အမ် ကိုငယ် အနော့်ကိုပြောတာလားဟင် ဟီးးးး ကဗျာဖတ်ပြီးလန့်သွားတယ် အဆင်ပြေပါစေကိုမောင်ငယ် ရေ ကောင်းသောနေ့ :)

ဟန်လင်းထွန်း said...

ဘာမှတော့ မပြောတော့ပါဘူး။ ဒါပေမယ့် ကြိုက်တယ် အရောင်အခက်အခဲ ရှိပေမယ့်လည်း ပြီးအောင်တော့ ဖတ်သွားတယ်။