့
အချစ်ဆိုတာ
ကလေးများ မကစားတတ်တဲ့အရာဖြစ်တဲ့အတွက်
လူရွယ်တစ်ယောက်ပီပီ ရိုရိုသေသေ ကိုင်တွယ်ပါ ... ။
မေတ္တာဆိုတာ ရေခံမြေခံကောင်းမှ
ပေါက်ရောက်ရှင်သန်နိုင်တဲ့ အတွက်
ရင်မြေထိန်းသိမ်းမှုနဲ့  စီးဆင်းမှုကို
အထူး ဂရုစိုက်ပါ ... ။
အကြင်နာတရားဆိုတာ
သက်ရှိအားလုံးအတွက် နေ့ သင့်နံသင့်လည်း ဖြစ်ရဲ့ 
နှလုံးသားမှ အဓမ္မ နှင်ထုတ်ခြင်းခံရတဲ့
အနူးညံ့ဆုံးသော အမိန့် လည်းဖြစ်တယ်
ဒါကြောင့် အခါအခွင့်သင့်တိုင်း ခွင့်ပြုပါ ... ။
သံယောဇဉ်ဆိုတာ
သေးငယ်သိမ်နုပ်လွန်းတဲ့ ပိုးမျှင်တွေကို
အထပ်ထပ် အဖက်ဖက်မှ ယက်လုပ်ထားတဲ့
အကောင်အထည် မပေါ်တဲ့ ကြိုးတစ်ချောင်းလည်း ဖြစ်တယ် ... ။
အမုန်းဆိုတာက ကိုယ့်အတွက်တော့
ရင်ကို ၀ုန်းဒိုင်ကျဲစေမယ့်
နေပူ ၊ လေပူကို ဖြတ်သန်းစီးဆင်းလာတဲ့
ရေပူလှိုင်း တစ်ခုပါကွယ် ... ။
စုဆောင်းမိထားတဲ့ အချစ်တွေကိုပဲ
အလေအလွင့် မရှိရအောင် စောင့်ရှောက်ပါ
ဆထက်တပိုး တိုးပွားအောင် ကြံဆောင်ပါ
အဓွန့် ရှည် တည်တံ့နေမှာပါ ချစ်သူ ... ။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
8 comments:
ကဗျာလေးကောင်းတယ်ညီရာ
စကားလုံးတွေလန်းလှချည်လားကိုယ့်ဆရာ
ချစ်သူကို အမိန့်ပေးသလိုလိုနဲ့  ကဗျာလေးက မိုက်တယ် ။
အမိန့်နာခံသွားပါကြောင်း
တယ်ဟုတ်ပါလား ငါ့ညီရ .. အဓိပ္ပါယ်တွေ ဖွင့်ထားလိုက်တာ အခမ်းအနားပဲ ..
မေတ္တာဆိုတာ ရေခံမြေခံကောင်းမှ
ပေါက်ရောက်ရှင်သန်နိုင်တဲ့ အတွက်
ရင်မြေထိန်းသိမ်းမှုနဲ့  စီးဆင်းမှုကို
အထူး ဂရုစိုက်ပါ ... ဆိုတဲ့နေရာမှာ .. ရေမြေလား ..
ရင်မြေလို့ပဲ တမင်ရေးထားတာလားကွ .. မရှင်းလို့ပါ
အဲဒိလို အမိန့်ပေးရမယ်..
ကောင်းပါ့.... ကြွေစင်တွေချည်းပဲ...
ဒီကဗျာလေးလည်း မိုက်တာပဲ။
အကြိုက်ဆုံးပဲ ဒီကဗျာ :)
Post a Comment