့
အမိဝမ်းက ကျွတ်တာဟာ
ကြိုးဝိုင်းထဲကို ပြုတ်ကျလာတာပဲ လူသား
ပါးစပ်က အူဝဲ ဆိုတာနဲ့ 
အံကပ် အသင့်တပ်ပြီး ဖြစ်တယ် ... ။
ရေသန့် စင်လိုက်ခြင်းကလည်း
ပကိတိဖြူစင်ခြင်း ၀တ်ရုံလွှာခွာချလိုက်ခြင်း ဖြစ်သလို
ပြန်ချွတ်မရနိုင်တဲ့ အညစ်အကြေးတွေ
စတင်လိမ်းကျံဖို့  အသင့်ပြင်လိုက်တာလည်းဖြစ်ရဲ့  ... ။
ခဏချင်းပဲ
အချိန်ရဲ့  အရေးပါမှုကို
မောင်းထုသံ အဆုံးမှာ သိခွင့်ရမယ်
လက်မနှေးနဲ့  လူသား
ကွင်းအဖွင့်မှာ ပင့်လက်သီး တစ်လုံး
အရှိန်ပြင်းပြင်းနဲ့  လာကမ်းလိမ့်မယ်
မရှောင်နိုင်ရင်တော့ လက်ခံလိုက်
ခဏတော့ ဒယိမ်းဒယိုင်ပေါ့
လဲကျတော့ မသွားစေနဲ့  ... ။
အပြာထောင့် အနီထောင့်
နှစ်သက်ရာ လက်ကိုင်ပြုပါ
ကျန်နှစ်ထောင့်မှာလည်း ရပ်တည်ခွင့်ရှိတယ်
ဒီကြိုးဝိုင်းမှာက ရွေးချယ်ခွင့်တော့ အများသား ... ။
လက်ဖျောက်ထိုးသံ လက်ခုပ်တီးသံ
ဆော်သြသံ ဆဲဆိုသံ စုံလင်မှုဟာ
အားပေးမှု ဆိုပေမယ့်
လောင်းကြေးသေချာဖို့ ကိုလည်း ရှေးရှုတယ် ... ။
ယှဉ်ပြိုင်မှုကိုပဲ နှလုံးသွင်းထား
အနှိုင်အရှုံး ဆိုတာက
ဘ၀ရဲ့  ပင်ကိုစရိုက် ... ။
ဂရုမစိုက်နဲ့  ဆက်တိုက် ဆက်တိုက်
စိန်ခေါ်မှုတွေကို လက်ခံလိုက်
ထုသားပေသား ကျလာရင်
လိုရာပုံသွင်းလို့  ရရဲ့  ... ။
ဘ၀မှာ အသစ်အသစ်တွေ ဟောင်းခြင်းနဲ့ 
အဟောင်းအဟောင်းတွေ ပြန်သစ်ခြင်းကို
နားလည်ခဲ့ရင် အားလုံးက တင့်တယ်နေလိမ့်မယ် ... ။
ခြေစလှမ်းတိုင်း အဝေးဆုံးကို လှမ်းကြည့်ပြီး
အနီးမှာရှိသည်များကို ဂရုစိုက်တန်ဖိုးထားလိုက်
ဒါဆို ခလုတ်တိုက် လဲခဲတယ် ... ။
စူးစမ်းမှုနဲ့  လျစ်လျူရှုမှုကို
အကွက်မှန်အောင် ရွေ့ နိုင်ရင်
လူပေါ်က လူဇော်ဖြစ်ပြီ လူသား ... ။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
10 comments:
အင်း . ငါလူမဖြစ်သေးဘူးပဲ
ကောင်းပ . အတွေးတွေကတော့ လတ်ဆတ်နေတာပဲ
အနီထောင့်လည်း ကြောက်တယ်
အပြာထောင့်ကလည်းမထိုးချင်ဘူး
ဘ၀မှာ အသစ်အသစ်တွေ ဟောင်းခြင်းနဲ့ 
အဟောင်းအဟောင်းတွေ ပြန်သစ်ခြင်းကို
နားလည်ခဲ့ရင် အားလုံးက တင့်တယ်နေလိမ့်မယ် ... ။
နားမလည်လို့ခက်နေတာပေါ့း) အူဝဲ ဘ၀လေးကတောင် အေးချမ်းသေးတယ်။
အကွက်မှန်အောင်နံကြားထောက်ရွှေ့ကြည့်
မယ်...အမြဲလွဲတတ်လို့.......
ဟာ.... အရမ်းကောင်းတယ်ဗျာ ထိထိမိမိနဲ့
အတွေးလေးကိုတော့ လေးစားသွားပြီဗျာ
ဟုတ်သဟ...
စာသားတွေက...
ဂွတ်ဗျာ :P
လူပေါ်က လူဇော်ဖြစ်အောင် အကွက်တွေ စဉ်းစားနေပါတယ်ငါ့ညီေ၇.. တရားသဘောလေးတွေအောင်ပါနေသေးတယ် ..
ကဗျာကောင်းလေးပါ
ုခုလိုအတွေးကောင်းတဲ့ကဗျာ ဖတ်ရတာ အရသာရှိသကွာ
ညီငယ်မင်းကဗျာတွေတယ်လည်းပြောင်မြောက်ပါလားကွယ်ရိုံ
အားကျတယ်ဟေ့ မိုက်တယ်ကွာ
ကောင်းလိုက်တာ။ ဖတ်ရတာ အရသာရှိတယ်။ အစနှစ်ပိုဒ်ကတည်းက ဆွဲခေါ်သွားတယ်။ အားမာန်လည်း တက်ကြွမိတယ်။
ကိုယ့်ဆရာ အရေးအတွေးတွေကိုခိုက်တယ်ဗျာ
အသစ်အဆန်းတွေနဲ့ အချစ်ကဗျာတွေကြားက
ထူးခြားတဲ့ကဗျာတွေပါ။
အရေးအတွေးတွေက အရမ်းမိုက်တယ် ကြိုက်တယ်
Post a Comment