CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday 8 February 2009

“ချင်ခြင်းတက် ညစာ”


စူးစူးရဲရဲ ခေတ်စမ်းကဗျာ တစ်ပုဒ်
ဖောက်လွဲဖောက်ပြန် ရော့ခ်တေးသွားတစ်ပုဒ်
အခါးဓာတ်ကြမ်းကြမ်းစွက်တဲ့ ကော်ဖီတစ်ခွက်
လေးဆယ် ရာခိုင်နှုန်းပါတဲ့ မီးမတောက် ဗော်ဓကာ
စာစီစာကုံး ဖြေဆိုသလို
ကြိုက်နှစ်သက်ရာ ဘယ်သင်းကိုရွေးပါဆို
ကျုပ်ကတော့ ကဗျာတစ်ပုဒ်ကို
အာသာငမ်းငမ်း ခုန်ဖမ်းမိမှာပဲ … ။

ကဗျာ .. ကဗျာ …
ခံစားတတ်သူ ရင်ဘတ်ချင်းဆို
ချက်ချင်း ဆွေမျိုးရင်းတွေပေါ့ … ။

ရင်အုံထဲ
မည်သို့ မည်ပုံ စီးဝင်ကြောင်း
ပြန်ပြောင်းမပြောနဲ့  … ။

မြစ်တွေတောင်
ပင်လယ်ကို စိတ်ကြိုက် စီးဝင်ကြသေးတာ … ။

မောင်ငယ်

11 comments:

Unknown said...

ကိုမောင်ငယ် ဆွေမျိုးရင်းကြီးတွေနော် ဟဲဟဲ လယ်သူမလေးကော ဘယ်နားသွားထားထားလည်း :P

Kaung Kin Ko said...

အင်း။ ကောင်းတယ်။
ဗော်ဒကာ တော့ စမ်းသောက်ကြည့်ချင်သေးတယ် ညီရ။

အိုင်လွယ်ပန် said...

ကဗျာတစ်ပုဒ်လုံးက နှစ်လုံးထဲရှိတယ်....
ကဗျာ !!!!!!!!!!!!!!!
ကောင်းတယ်ကိုယ့်ဆရာ :P

ရိုးမြင့်အောင် said...

အဟဲ... တယ် ဂွတ်ပါ့လား... ကြိုက်နှစ်သက်ရာ ဆိုလို့ကတော့ ကြက်ကင်ပဲ ပြေးဆွဲမှာ... ဟတ်ဟတ်... :D :P

Anonymous said...

ဝေး...ယောက်ဖကြီးး

ဆွေးမျိုးတော်တယ်ဆိုလို့ ခေါ်ကြည့်တာ ဟဲဟဲ ဒါနဲ့ ငါ့အစ်မတွေ အိမ်ထောင်ကျကုန်ပြီနော် မင်းမှာ ရှိသေးရင်တော့ ပေးချင်လည်း ပေးပေါ့ကွာ င်္ဟီးး စိတ်ဆိုးကြေးနောက် ယောက်ဖကြီးး :P

Mhu Darye said...

ဒီမောင်ငယ်.. လူလိမ်ကြီးပဲ...အဟတ်ဟတ်
^-^

ဆောင်းယွန်းလ said...

ကဗျာ .. ကဗျာ …
ခံစားတတ်သူ ရင်ဘတ်ချင်းဆို
ချက်ချင်း ဆွေမျိုးရင်းတွေပေါ့

သိပ်မှန်တာပေါ့ညီရာ.....

မွန် said...

အားပါတယ် ကဗျာထဲက ပြင်းပြမှုကို ခံစားမိတာပဲသိတယ်

ကြယ်ပြာ said...

ကဗျာကိုခံစားလို့ရတယ် ... မိုက်တယ် ...

တင့်ထူးရွှေ said...

ကောင်းမွန်ပါ၏ ။

than said...

ကိုမောင်ငယ်..
လာလည်သွားတယ်..၊ကဗျာလေးတွေကြိုက်တယ်..၊
မဂ္ဂဇင်းထဲထည့်ချင်ရင် ကောင်းတာလေးတွေရွေးပို့ပေးပါလား..။

ခင်မင်လျက်
internationallookmagazine@gmail.com