CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 17 March 2009

"သူခိုး"


တိုးတိုးလေးပဲ အော်ဟစ်စွပ်စွဲပါ့မယ်
နင် .... သူခိုး...။

နင့် အကြည့်တစ်ချက်နဲ့  င့ါတံခါးချပ်တွေ ပွင့်ခဲ့ရပေါ့
ခြေသံပြင်းပြင်းနဲ့  ငါ့နှလုံးသား အခန်းတွင်းထိ
ချင်းနင်းဝင်ရောက် ရှာဖွေပါ
လေးဘက်လေးတန် တခန်းလုံး ပြည့်လျှံနေတာ အချစ်တွေပေါ့
အဖိုးအနဂ္ဃထိုက်တန်တာဆိုလို့  ငါ့ရင်ခုန်သံတွေပဲ ရှိရဲ့ 
အခြားသူ အတွက် အပို မရှိဘူးကွဲ့ ... ။

မရောင့်ရဲ ပါနဲ့  ...
မရောင်ရဲ ပါနဲ့ ကွယ်
တနင့်တပိုး ငါကိုယ်ကျိုးနဲ အောင်သာ ခိုးယူသွားပါ
အကြောင်းသိတွေမို့  ဒီလောက်စုဆောင်းလို့ ထားမိတာပါ
အဲ ..... အိပ်မက် တစ်ခုလောက်တော့ ချန်ထားခဲ့ 
ဒါလေးနဲ့  အသက်ဆက်ရမှာကွဲ့ ... ။

တိတ်တိတ်လေးပဲ ၀န်ခံပါ့မယ်
ငါ စိတ်လိုလက်ရ အခိုးခံခဲ့မိတယ် .... ။

မောင်ငယ်

13 comments:

ဆောင်းယွန်းလ said...

စိတ်လိုလက်ရ အခိုးခံခဲ့တယ်ဆိုတော့ ...သီးသန့်ကင်းလွတ်ခွင့်ပေးထားတဲ့ သူခိုးမလေးအတွက်
သီးသန့် အချစ်တွေပေါ့..ဟုတ်လား..ညီလေးရေ

မရောင့်ရဲ ပါနဲ့  ...
မရောင်ရဲ ပါနဲ့ ကွယ်
တနင့်တပိုး ငါကိုယ်ကျိုးနဲ အောင်သာ ခိုးယူသွားပါ
နင့်အကြောင်းသိလို့  ဒီလောက်စုဆောင်းထားမိတာပါ
အဲ ..... အိပ်မက် တစ်ခုလောက်တော့ ချန်ထားခဲ့ 
ဒါလေးနဲ့  အသက်ဆက်ရမှာကွဲ့ ... ။

ကောင်မလေးတော့ ကြွေသွားမှာ သေချာနေပြီ

Anonymous said...

ဘုရားက ဟောဖူးတယ်.
သူများဟာ ခိုးဖူးရင် ကိုယ့်ဟာလဲ အခိုးခံရမယ်တဲ့..
ကြည့်ရတာ သူများဟာခိုးဖူးတယ်ထင်တယ်..
မှန်တယ်ဟုတ်....

Unknown said...

သူခိုး တဲ့ ခိုင်းနှိုင်းပုံက လည်း ကိုမောင်ငယ်
ရဲဖမ်းနေဦးမယ် :D
ကိုယ်ကျိုးနဲအောင်ကို ခိုးခိုင်းနေတယ်နော့ ကဗျာဆရာ
စွပ်ကျယ်လေးနဲ့ထားခဲ့ဦးမယ်တော်ကြာ :P
ကောင်းသောနေ့ဗျိုး :)

Anonymous said...

မရောင်ရဲ ပါနဲ့ ကွယ်
တနင့်တပိုး ငါကိုယ်ကျိုးနဲ အောင်သာ ခိုးယူသွားပါ .....အာရိုးရိုးး သူခိုးကို တယ်ကြည်ဖြူနေပါလားး) မောင်ငယ်စုတ် သူများက ခိုးချင်လား မခိုးချင်လားမသိ ဒင်းက အတင်းကိုခိုးခိုင်းနေတာပဲ ။

Anonymous said...

အေး ငါလာခိုးမယ် သယ်ရင်း ညကျရင် သတိတာထားနေတော့ :P

အိုင်လွယ်ပန် said...

သူခိုးဗျို့ သူခိုး :)

ဒီသူခိုးက အိပ်မက်ပါ ချန်မှာမဟုတ်လောက် :)

Mhu Darye said...

သူခိုးပါဆိုမှ သူ ခိုးချင်တာ ခိုးမှာပေါ့...
သူခိုး ကို ဈေးဆစ်နေသေးတယ်..ဒီကဗျာဆရာ တော်တော် ဆင်းရဲ ပုံ ထောက်တယ် အဟတ် ဟတ်... ^-^

ဖြိုးငယ် said...

ဟုတ်လှချည်လား .. ကဗျာလေးက ..
သူခိုးအားပေးလုပ်နေတယ်ပေါ့ ...

ရွှန်းမီ said...

:-) ကဗျာလေး မိုက်တယ်

ရွှေပြည်သူ (ShwePyiThu) said...

“တိတ်တိတ်လေးပဲ ၀န်ခံပါ့မယ်
ငါ စိတ်လိုလက်ရ အခိုးခံခဲ့မိတယ် .... ။”

အစကနေအဆုံး တကယ်ကိုကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ...

Unknown said...

သိပ်ကောင်းတယ်ညီ...။ ဒါနဲ့ သူချန်ခဲ့တဲ့ အိပ်မက်ဟာ အနက်ရောင် အိပ်မက်တစ်ခုဖြစ်နေရင် ငါ့ညီတော့ ဒုက္ခများ ပြီ ;)

ကြယ်ပြာ said...

ကဗျာလေးကောင်းလိုက်တာ ....

တင့်ထူးရွှေ said...

ဂွတ် ဂါဒီ ၊ ဒါပဲ ပြောစရာ ရှိတော့တယ် :-)