CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 3 March 2009

“အမှိုက်”


ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲတယ်
ကိုရီးယားလည်း နှစ်ခြမ်းကွဲတယ်
တောင်ဘက်အိမ်က ကိုသာအေးတို့ လင်မယားလည်း ကွဲတယ်
ဘယ်သူတွေ ဘာကွဲကွဲ
ငါ့ရင်ဘတ်ကြီး ဗြန်းဗြန်းကွဲလို့ တော့ မဖြစ်ဘူး ကောင်မလေးရေ
တို့ တွေကြားက လွဲချော်မှုတွေ အကြောင်း
စကားလုံးတအား ဖောင်းပွအောင် မပြောချင်ဘူးကွယ်
တစ်ယောက်ကိုတစ်ယောက်
အမြင်ကတ်လောက်အောင် ချစ်တယ်ဆိုတဲ့ အကြောင်းပဲ
အခြေအတင်ထပ်လောင်းလို့  ပြောချင်ပါတယ်
မိုးထိုးနေသော မင်းအတ္တ ၊ ခေါင်ခိုက်နေသော ငါ့မာန
နေအထွက်မှာ အဆုံးသတ်မြုပ်နှံဖို့ 
မနက် (၈) နာရီ ထပါ
ကဘော်ချိုင့်ဝှမ်း ငါစရန်သတ်ထားနှင့်ပြီးပြီ … ။

မောင်ငယ်

16 comments:

ဆောင်းယွန်းလ said...

တစ်ယောက်ကိုတစ်ယောက်
အမြင်ကတ်လောက်အောင် ချစ်တယ်ဆိုတဲ့ အကြောင်းပဲ
အခြေအတင်ထပ်လောင်းလို့  ပြောချင်ပါတယ်....

ခေတ်စကားနဲ့ပြောရရင် ကဗျာလေးက”လန်း”တယ်ညီရေ့

သဇင်ဏီ said...

အဟဲ.. မိုက်လှချည်လားဗျ.. ကဗျာက

pandora said...

ဟား.. ဒီကဗျာက မိုက်တယ်

Unknown said...

ကိုမောင်ငယ် စရန်တောင်သတ်လိုက်ပြီးပြီလား
မိုက်တယ်ဗျာ :P
ခံစားသွားတယ် ရင်ဘတ်ထဲထည့်ပြီးတော့ ကောင်းသောနေ့ဗျာ :)

တင့်ထူးရွှေ said...

စရန်သတ်ထားပြီဆိုတော့ တစ်ဝက်သေချာပြီပေါ့ :P

မသက်ဇင် said...

ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲတယ်
ကိုရီးယားလည်း နှစ်ခြမ်းကွဲတယ်
တောင်ဘက်အိမ်က ကိုသာအေးတို့ လင်မယားလည်း ကွဲတယ်
ဘယ်သူတွေ ဘာကွဲကွဲ
ငါ့ရင်ဘတ်ကြီး ဗြန်းဗြန်းကွဲလို့ တော့ မဖြစ်ဘူး ကောင်မလေးရေ

ထူးထူးဆန်းဆန်းထွေးပြီးရေးထားတာပါပဲ
ကဗျာကို အတွေးတွေနဲ့အတူ ရင်ထဲထည့်ယူသွားပါတယ်
ပျော်ရွှင်ပါစေ--

ရိုးမြင့်အောင် said...

ကွဲတဲ့အကြောင်း သိပ်မရေးနဲ့... မင်းနော်တော်က ကွဲတဲ့အသံကြားတာနဲ့ ရင်ဘတ်တစ်ခုလုံးက သိမ့်သိမ့်တုန်တတ်လွန်းလို့...။ အဟတ်ဟတ်..။ မနက် ၈ နာရီထိုးပါပြီး ထပါတော့...။ စာသင်ခန်းကို စရန်ရိုက်ထားပြီးပြီ...။

Anonymous said...

ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲတယ်
ကိုရီးယားလည်း နှစ်ခြမ်းကွဲတယ်
တောင်ဘက်အိမ်က ကိုသာအေးတို့ လင်မယားလည်း ကွဲတယ်
ဆိုတဲ့စာသားလေးကြိုက်တယ်ဗျာ

emayarKhin said...

အဟီးးအကွဲအပြဲအကြောင်း
မကြားချင်ဘူးနော်....
ရန်မဖြစ်ရဘူး။

မသက်ဇင် said...

အသစ်လာကြည့်တာ--
အဟောင်းပဲ ပြန်ဖတ်သွားပါတယ်--

Unknown said...

မိုးတောင်လင်းသွားတယ် ။ ၈ နာရီတော့နိုးမှာမဟုတ်တော့ဘူး ။

Anonymous said...
This comment has been removed by the author.
Anonymous said...

အဟီးး......မောင်မျိုးလည်း ကွဲတယ် နဖူး အချစ်ကအာဘွားပေးတာ သွားနဲ့ ပေါက်ထည့်လိုက်သလိုဖြစ်သွားလို့း)

ညိမ်းညို said...

ကဘော်ချိုင့်ဝှမ်း ငါစရန်သတ်ထားနှင့်ပြီးပြီ

မရပါဘူးဝေ့
ကဘော်ချိုင့်ဝှမ်းက
ငါတို့ ဦးထားပီးပီ :P

အိုင်လွယ်ပန် said...

ဝိုးးးးးးးးးးးးး

အလန်းကြီးတွေ

Kaung Kin Ko said...

လန်းတယ်ဟေ့