CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 9 June 2009

"စုဘူး"


ငယ်ငယ်က စုဘူးလေး တစ်ဘူးရဖူးခဲ့တယ်
ပိုက်ဆံတွေ စုဖို့ 
ပိုက်ဆံ အသစ်လေးတွေ ခေါက်ကာ ခေါက်ကာ … စု
စုဘူးလေး ပြည့်သွားတော့
စုဘူးလေးကို ပျော်ရွှင်စွာ ခွဲပစ်လိုက်တယ် … ။

အခု စုဘူးလေး တစ်ဘူး ထပ်ရတယ်
အချစ်တွေ စုဖို့ 
အဲဒီ စုဘူးလေးက …
ဖြည့်လို့ မပြည့်နိုင်တဲ့ စုဘူးလေး ဖြစ်ရဲ့ 
ကြွေရုပ်လေးလိုလှတဲ့ စုဘူးလေး ဖြစ်ရဲ့ 
တီတီတာတာ ပြောတတ်တဲ့ စုဘူးလေး ဖြစ်ရဲ့ 
မှန်မှန် မစုရင်လည်း ညို ငြင်တတ်တဲ့ စုဘူးလေး ဖြစ်ရဲ့ 
ကျနော့် ရင်အုံထက် ခေါင်းမှီ အိပ်တတ်တဲ့ စုဘူးလေးလည်း ဖြစ်ရဲ့  … ။

စုဘူးလေးရေ ...
အချစ်တွေ စုစုလာတာ
ခွဲပစ်ဖို့ မှ မဟုတ်တာဘဲကွယ် … ။

မောင်ငယ်

7 comments:

ကဗျာဦး said...

စုဘူးလေးကိုဘယ်တော့မှမခွဲနဲ့နော်

စိုင်းလောဝ်ပိန်း said...

မခွဲကောင်းတဲ့ စုဘူးဗျ။ အမြဲဒီတိုင်းလေး သိမ်းထား

မွန် said...

ကဗျာဆရာ စုဗူးတစ်ဗူးနဲ့ အလုပ်ရှုပ်နေပါလား ...:D
ကဗျာလေးတအားချစ်ဖို့ကောင်းတယ်

သန်းစိန် said...

ဒီကဗျာလေးကတော်တော်ကောင်းတယ်ဗျာ

Anonymous said...

မကွဲအောင်သေချာသိမ်းဖို့လိုမယ်နော်:P

မသက်ဇင် said...

စုဘူးလေးရေ ...
အချစ်တွေ စုစုလာတာ
ခွဲပစ်ဖို့ မှ မဟုတ်တာဘဲကွယ် … ။


ဟုတ်တာပေါ့ မောင်ငယ်လေးရယ်
ခင်မင်လျက်

အိုင်လွယ်ပန် said...

အင်း ...
မှန်ပ ကိုစုဘူးရေ :)