CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday 22 June 2009

" ဆရာကြီး "


ကမ္ဘာကို ပိုင်းခြားသတ်မှတ်ထားသော
မျဉ်းကြောင်းများ ကွေးသည်
သို့ သော်
ဖြောင့်တန်းသည်
ကမ္ဘာသည် အလုံးကြီး ဖြစ်သည် ... ။

ဇေယျာရွှေမြေ အသင်း နိုင်လိမ့်မည်
သို့ သော်
ရှုံးသွားသည်
ဘောလုံးသည် အမည်နှင့်လိုက်အောင် အလုံးကြီးဖြစ်သည် ... ။

လူတစ်ယောက်အတွက် ၊ နှစ်ယောက်အတွက် ၊ သုံးယောက်အတွက် .....
လူသားအားလုံး အတွက်
အချစ်သည် မရှိမကောင်း ဖြစ်သည်
သို့ သော်
ရှိတော့လည်း မကောင်းသလိုလိုဖြစ်နေသည်
အချစ်သည် မျက်လှည့်ဆရာ လက်ထဲက စက်လုံးတစ်လုံး ဖြစ်သည် ... ။

၎င်းစက်လုံးပေါ်တွင်
မျဉ်းကြောင်းများဖြင့် ပိုင်းခြားသတ်မှတ်နိုင်ခြင်း မရှိသေးပေ
အဖြူ ၊ အမည်း သဲသဲကွဲကွဲ အဓိပ္ပါယ် သတ်မှတ်နိုင်ခြင်းလည်း မရှိသေးပေ
ထို့ ကြောင့်
အချစ်သည် ကမ္ဘာကြီးထက် ၊ ဘောလုံးလေးထက် ဆရာပိုကျလေသည် ... ။

မောင်ငယ်

7 comments:

Mhu Darye said...

ဗုဒ္ဓေါ... :O

စကားပြေတိုလေးလိုလို၊ မော်ဒန်ကဗျာလိုလိုနဲ့
ဆရာကြီး ကျတဲ့အကြောင်း ကို လာဖတ်တယ်..။
^-^

မသက်ဇင် said...

အချစ်သည် ကမ္ဘာကြီးထက် ၊ ဘောလုံးလေးထက် ဆရာပိုကျလေသည် ... ။

မောင်ငယ်ရေ
မှတ်သားသွားပါတယ်
ခင်မင်လျက်

ရွှေပြည်သူ (ShwePyiThu) said...

“အချစ်သည် ကမ္ဘာကြီးထက် ၊ ဘောလုံးလေးထက် ဆရာပိုကျလေသည်” ဆိုတာကိုဖတ်ပြီး အရမ်းပြုံးမိသွားတယ်။ ဟုတ်ပါ့ မောင်ငယ်ရေ ဟုတ်ပါ့...

သန့်စင် said...

နယ်သား ဇေယျာရွှေမြေက ဒယ်တာကို နိုင်သွားပြီ ဟ
များနေပြီ ဇေယျာရွှေမြေ တော့ မထိနဲ့နော် ။ ဟဟ ။
နယ်သား ကဗျာတွေကတော့ လန်ထွက် နေတာပဲ ဟေ့ ။ ကြာလေ ကောင်းလာလေလေ ပဲ ။

အိုင်လွယ်ပန် said...

ဆရာက ဆရာပိုကျ ပါတယ် ကိုယ့်ဆရာရယ် :)
လုံးဝန်းသော ကဗျာကို လုံးလုံးပြီးဖတ်သွားတယ်ဗျာ ...

emayarKhin said...

ဒါဆို...အခြစ်က
တကယ့်ကိုဆရာကြီးပေါ့..........

Anonymous said...

ဟင်.... ဆရာပိုကျတယ်....။ ဟုတ်မှာပေါ့ဗျာ။
မှတ်သားသွားပါတယ်။