့
့အသာတကြည် တိုက်စားခံသော
ကမ်းပါးများ
မြစ်ကြမ်းပြင်အောက် ပျော်ရွင်စွာ
ရေစီးရဲ့ အမိန့် ကို နာခံကြတယ် ... ။
စေစားရာ လွင့်မျောနေသော
တိမ်တိုက်များ
ကောင်းကင်ထက် ပျော်ရွင်စွာ
လေစီးရဲ့  အမိန့် ကို နာခံကြတယ် ... ။
ယဉ်ပါးစွာ ရိုကျိုးနေသော
နှလုံးသား
နှုတ်ခမ်းပါးတစုံရဲ့  တေးသွားမှာ
ဝပ်တွားစွာ ကခုန်နေတယ် ... ။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
4 comments:
မိုက်တယ် ..
အလိုက်သင့်လေးပဲ ...
ယူသွားပုံလေးလှတယ်ညီရေ ...
ကဗျာအတွေးလေးတွေ ဆန်းသစ်ဆဲ
ကောင်းသောနေ့ ကိုမောင်ငယ် :)
ကောင်းတယ်ဗျာ။ ကာရန်ရော၊ စာသားလေးရော။
ဘာမန့် ရင်ကောင်းမလဲ မသိဘူး ဖြစ် သွားတယ်။
း)
ရင်ထဲသို့ ရောက်၏ ပေါ့။
Post a Comment