့
နင်မနှစ်သက်တော့
ငါ့အချစ်က ကြော်ငြာအားကောင်းပြီး
စားသုံးသူ မရှိတဲ့ ကုန်ပစ္စည်း တခုလို
နင်လက်မခံတော့
ငါ့ဂရုစိုက်မှုတွေက လမ်းမှာကျပျောက်သွားတဲ့
ပေးစာတစ်စောင်လို
နင်အဖက်မလုပ်တော့
ငါ့ကဗျာတွေက ခြောက်လုံးလုံးလွဲတဲ့
အောင်ဘာလေ ထီလက်မှတ်တစောင်လို
နင်ဥပေက္ခာပြုတော့
ငါက ဘာသိဘာသာ ဖြတ်ကျော်သွားခြင်းခံရတဲ့
ကြားဘူတာလေးတခုလို
ကောင်မလေးရေ
ငါရဲ့ နွေအိုအိုထဲက
မီးဖိုလေးကိုတော့ မီးငြိမ်းပေးခဲ့ပါ
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
10 comments:
ကောင်မလေးရေ
ငါရဲ့ နွေအိုအိုထဲက
မိးဖိုလေးကို မီးငြိမ်းပေးခဲ့ပါ
နွေအိုအိုထဲက မီးဖိုလေးတဲ့လားညီလေးရေ..
ဆောင်းတွင်းမီးဖိုလေးဖြစ်ခဲ့ရင်တော့ ကောင်မလေးအတွက် မီးတောက်လေးပေးနိုင်မှာပေါ့
နွေအိုအိုမီးဖိုဆိုတော့ လောင်ကျွမ်းအားများနေမှာပေါ့ညီလေးရာ
ငြိမ်းချမ်းပါစေ
ကောင်မလေးရေ
ငါရဲ့ နွေအိုအိုထဲက
မိးဖိုလေးကို မီးငြိမ်းပေးခဲ့ပါ
နွေအိုအိုထဲက မီးဖိုလေးတဲ့လားညီလေးရေ..
ဆောင်းတွင်းမီးဖိုလေးဖြစ်ခဲ့ရင်တော့ ကောင်မလေးအတွက် မီးတောက်လေးပေးနိုင်မှာပေါ့
နွေအိုအိုမီးဖိုဆိုတော့ လောင်ကျွမ်းအားများနေမှာပေါ့ညီလေးရာ
ငြိမ်းချမ်းပါစေ
နွေအိုအိုထဲက မီးဖိုလေး
မီးဖိုလေးထဲက နွေအိုအို ....
ကောင်းသောနေ့ပါ ကိုမောင်ငယ်ရေ :)
ကဲ..ကောင်မလေးရေ...
ကြားတယ်နော်...
ကောင်မလေးရေ
ငါ့မှာ မီးဖိုလို အိုနေခဲ့ရ
တစ်နွေလုံး .. :)
နွေအိုအိုလေးထဲက မီးဖို ..
လှတယ်ဗျ .။။
နွေအိုအို မီးဖိုဘေးမှာ
ထူးအိမ်သင်သီချင်းဆိုနေပြီလားဗျာ။
နှိုင်းထားတဲ့ လေးပိုဒ်လုံးက မြင်သာလိုက်တာ ကွက်ခနဲပဲး)
TGRmg
ကဗျာလေးကလှတယ်
နောက်ဆုံးအပိုဒ်လေး ဖွဲ့ထားတာ ပိုလှတယ်
အေးပေါ့လေ .. ပူရှာမှာပေါ့ ..
ကောင်မလေးကလည်း မီးလောင်တက်တာ မသိဘူးလား မသိဘူး .. မီးငြိမ်းပေးခဲ့မှပေါ့...
လွှတ် ကြိုက်တယ် ဂါ ။
Post a Comment