့
နုထွားပျိုမြစ် ကိုလိုနီလက်သစ်မလေးရေ
ကျည်တစ်တောင့် မဖောက်ပဲ
မင့် မျက်ဝန်းမျက်ဖန်အောက်
ပြားပြားမှောက်ကုန်သော မြေပိုင်ရှင်များ
ဟောတစ်ယောက် ဟောတစ်ယောက်
များ … များလွန်းလှချည့်
ကိုယ့်နှလုံးသားကလည်း
မွေးရာပါ ကျန်းမာလေတော့
အသစ်စက်စက် ပင်ပေါင်လုံးလိုပ
တရစပ် လွတ်ခုန်
ကိုယ့်နယ်မြေသစ်တွေလည်း ဆုံးရှုံးကုန်ပါပြီကွယ်
ကျန်နယ်မြေများစွာ
ငဲ့ကွက်စွာ လွတ်လပ်ခွင့်ပေးလို့ 
ကိုယ့်နယ်မြေတ၀ိုက်ကိုပဲ
ရက်စက်စွာ သိမ်းပိုက်ပါတော့
ရာသက်ပန်ပေါ့
ကိုလိုနီလက်သစ်မလေးရေ
မင့် သစ္စာတော်ခံယူကြောင်း
ရင်ခုန်သံ သက်သေအကောင်းစားများ
လက်ဆောင်ပဏ္ဍာ ဆက်သလိုက်ပါကြောင်း ... ။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
7 comments:
What a lovely poem!!
I love it.
အလဲ့ ...
ဆရာသမားက ပေးသလိုနဲ့
ပြန်ချောင်းနေသကိုး :)
မတွေ့တာကြာလို့ဗျာ ..
ကောင်းသောနေ့ပါ :)
နုထွားပျိုမြစ် ကိုလိုနီလက်သစ်မလေးရေ
ကျည်တစ်တောင့် မဖောက်ပဲ
မင့် မျက်ဝန်းမျက်ဖန်အောက်
ပြားပြားမှောက်ကုန်သော မြေပိုင်ရှင်များ
ဟောတစ်ယောက် ဟောတစ်ယောက်
များ … များလွန်းလှချည့်
တယ်ကဗျာဆန်တဲ့ကဗျာပါလား...မိုက်တယ်ညီလေး
သူပဲရေးတတ်တယ်...
ကိုလိုနီလက်သစ်မလေးတဲ့..
နုရွချက်ကတော့...
နှလုံးသစ်သိမ်းပိုက်ခံထားရတယ်ပေါ့ ... ပထမဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲ
ကဗျာတွေလာခံစားပါတယ်
နုရွနေလိုက်တာ ကိုမောင်ငယ်တို့များ. . . ကဗျာလေးနှစ်သက်တယ်ဗျို့
Post a Comment