CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday 1 November 2008

"တစ္ဆေတစ်ကောင်ရဲ့  အန်ဖတ် "


ကျုပ်ကြားနာ ကျင့်သုံးနေတဲ့
စာသားအချို့  ချရေးပြမယ်
"တိုးတက်မှုက ဝေဖန်မှုကို
သုံးသပ်ပိုင်းခြားပြီး ပြင်ဆင်အားထုတ်မှုနဲ့ 
တိုက်ရိုက် အချိုးကျတယ်" ဆိုတာပဲ...။

ခင်ဗျားတို့  ထင်တာမြင်တာအစ
ကြားတာ သိတာ ၊ ထမင်းစားသတင်းအဆုံး
ကျုပ်ရှေ့မှာဖြန့် ခင်းချလိုက် ... ။

ရှောင်ရန်အကျင့်ဆိုး ထုပ်ပိုးပြီး
သမုဒ္ဓရာ ကြမ်းခင်ထိ
ကျုပ်ဆင်းပြီး မြုပ်မယ် ... ။

ဆောင်ရန် အချက်အလက်မျိုး
အကိုးအကားနဲ့  ချပြရှင်းလင်း
ကျုပ်ရင်တွင်းရောက်အောင် ထည့်မယ် ... ။

ခပ်ပွပွ ၀မ်းစာသတင်းလောက်နဲ့ တော့
ကျုပ်ရင်တွင်းရောက်ဖို့  မပြောနဲ့ 
ခြေရင်းတောင် ကပ်မှာ မဟုတ်ဘူး
အကွင်းလိုက် အကွင်းလိုက် လှီးပြီး
အိမ်တိုင်ရာရောက် ပြန်ပို့ ပစ်မယ် ... ။

သွေးမထိုးနဲ့  ကြိုးမကိုင်နဲ့ 
ကိုယ်တန်ဖိုးနဲ့  ကိုယ်နေ
ခင်ဗျားတို့  ဆွယ်တရား ဟောတဲ့နောက်
ကျုပ် ကောက်ကောက်ပါအောင် လိုက်မိရင်
ကျုပ်ဦးခွံ ကျုပ်ကိုယ်တိုင်လှန်
ဦးနှောက်ကို အစိမ်းလိုက်
ခလောက်ထုတ် ပစ်မယ် ... ။

ကျုပ် သူ့ ( ပြည်သူ့ )ဆန်စား ရဲတယ်
ကြိုးဆွဲခံ လူတစ်ယောက်ကို ကျောထောက်ပေးသူရဲ့ 
ဆန်စားနေတဲ့ ခင်ဗျားတို့ အတွက်တော့
ကျုပ် ကွင်းစ ကွင်းပိတ် လုံးဝ ( လုံးဝ ) မရဲနိုင်ဘူး
ခင်ဗျားတို့ ကို ကျုပ်လူမျိုးစားရင်းကနေ
သေခန်းဖြတ် ထုတ်ပယ်တယ် ... ။

ခင်ဗျားရေးချလိုက်တဲ့ စာသား
ကျုပ်ခေါင်းပြားစေချင်လို့  ဆိုရင်တော့
အားရပါးရ ရေးတာချလိုက်ပါ
ဒီနေရာမှာက တံခါးတွေ ဂျက်ဖြုတ်ထားတာပဲ
တခါတခါ မြောင်းပုတ်နံ့ ရတာက လွဲလို့ ပေါ့ ... ။

လက်လွတ်စပယ် ၀ါးလုံးသိမ်း
ပုတ်ခတ်မှုများ
ရပ်တန်းကရပ်ပါ
ကျုပ်ခြုံထားတဲ့ ခန္တီပါရမီ က
သိပ်မထူလို့ ပါ
ဒါကြောင့် ကျုပ်နာတယ် ... ။

ကျုပ်သဘောကလည်း ရာဘာရောထားလေတော့
ပြန်ကန်အား နှစ်ဆနဲ့  တုံ့ ပြန်တတ်တယ်
ခပ်ဆတ်ဆတ်တော့ လွင့်ထွက်မလာနဲ့ 
ကြယ်တွေ လတွေက နေ့ မှာလည်း မြင်ရတတ်တယ် ... ။

နင်ပဲ ငါစ ပြောရမှ
ခင်ဗျား စားဝင်အိပ်ပျော်တယ် ဆိုရင်
ကျုပ်ကိုပဲ ၀ိုင်းဆဲကြတော့
ဒါက တချို့ သော ခင်ဗျားတို့ ရဲ့  ယဉ်ကျေးမှုပေပဲ
ကလေးအထာနဲ့  လူကြီးလေးတွေကို
ကျုပ် ယဉ်ကျေးစွာနဲ့ ပဲ လေးစားပါ့မယ် ... ။

လေယူရာတိမ်း သံယောင်မှိန်းလိုက်တဲ့
ကြားနေ၀ါဒ ကျုပ်ပယ်ချတယ်
ကိုယ့်ဘ၀မှာ ကိုယ်သာသခင် ကိုယ်သာဘုရင်
အပီအပြင် ရွေးချယ်ခွင့် လက်ဝယ်ရပြီးသား
ကိုယ့်သမိုင်းကို ကိုယ် ကြိုက်တဲ့ မင်ရောင်နဲ့  ရေးပါ ... ။

သူ့ ဘက် ကိုယ့်ဘက် ခဏလောက် ၀င်တွေးပြီး
အပြုစိတ်နဲ့  မြင်အောင်ကြည့်
ခင်ဗျား ကျင့်သုံးတဲ့ နီတိ ပိုအဆင့်ရှိလာလိမ့်မယ် ... ။

ဦးခေါင်းတိုင် ဦးခေါင်းတိုင်း
အကန့် ကြီး နှစ်ကန့် ရှိတယ်
တစ်ဖက်နဲ့ တစ်ဖက် မျှတအောင်ထည့်
သိပ်တစ်ဖက်စောင်းနင်း မကျစေနဲ့ 
ခင်ဗျားဦးခေါင်းကြီး စောင်းသွားမယ်
ခေါင်းစောင်းရင် အမြင်လည်းစောင်းတတ်တာ
ခင်ဗျားအသိ ကျုပ်အသိ အားလုံးအသိ ... ။

ထွေထွေထူးထူးတော့ မရှိပါဘူး
ခင်ဗျားဖြစ်နေတာနဲ့  ကျုပ်ဖြစ်စေချင်တာ
ညှိယူလို့ မရ ဆန့် ကျင်နေရင်တော့လည်း
ရွှေပြည်အေးတရား မဟောကြားတော့ဘူး
ကျေးဇူးပြုပြီး ကျုပ်ကို လူ့ ခွစာ လို့  ခေါ်ပါ ... ။

မောင်ငယ်

10 comments:

မသက်ဇင် said...

မောင်ငယ်ရေ---
ကဗျာလေးက ဒီတခါ အဆန်းပါလား--
ဝုန်းဒိုင်းကြဲနေသလိုပါပဲ ---
ကဗျာဆရာရင်ဖွင့် ပြနေပြီပေါ့---
ကောင်းပါတယ်---လွတ်လပ်စွာ ရင်ဖွင့်ပါ---
ရသ မျိုးစုံခံစားရမှ--- အနုပညာအလှတွေ--
ဖန်တီးလို့ရမှာလေ--- အချစ်မပါတဲ့ ကဗျာ
လေးတပုဒ် --ကို ဖတ်ရှု ခံစား နားလည်ပေးပါတယ်---

Kaung Kin Ko said...

အကွင်းလိုက် အကွင်းလိုက် လှီးမယ်တဲ့။ ကြောက်စရာကြီး။ အမယ်လေး !
အစ်ကိုလည်း လက်လွတ်စပယ် ဝါးလုံးသိမ်း ပုတ်ခတ်မှုတွေ ဒီကမ္ဘာပေါ်က ရပ်စေချင်ပါတယ်။ လူတွေက ဘာလို့ အဲလို ဝါးလုံးသိမ်းရိုက်ချက်တွေနဲ့ အသားကျနေတုန်း မသိဘူး။

လူ့ ခွစာလို့ လည်း ခေါ်သွားတယ် ညီလေးရေ။ :P

Mhu Darye said...

>.< @_@ -_- !_! *_*

whatever.

thihanyein said...

ညီငယ်ရေ အကိုကတော့ တစ်ပိုဒ်လုံးကိုကြိုက်တယ်
ဘယ်အပိုဒ်ကိုပြောရမှန်းကိုမသိဘူး ဘာတွေများဖြစ်နေလို့လည်းညီငယ် ကဗျာမှာတော့ပေါက်ကွဲထားလိုက်တာ
ကဗျာကိုဖတ်ရတာ အရသာတော်တော်ရှိတယ်ညီငယ်ရေ
အဆင်ပြေပါစေကွာ

ဝေလေး said...

ပေါက်ကွဲချက်တွေ အပြင်းစားသံစဉ်တွေ. မိုက်တယ်...
လူ့ခွစာ.. တဲ့. ဟက်ဟက် :P

Unknown said...

ကိုမောင်ငယ် နာမည်သာငယ်တာ
အတွေးက မငယ်ပါလားဗျ။
ပေါက်ကွဲထားတာလေး ကြိုက်တယ်ဗျာ။
လူတွေကလဲ ခက်ပါဘိ
အသားလွတ်စော်ကားချင်ကြတယ်ဗျ။

Anonymous said...

မိုက်တယ်ဟေ...အားပေးတယ်...

Anonymous said...

အယ် ...သူလည်း ဗုံးဖောက်နေတယ် =) ခံစားချက်တွေ ငါက ခလေးအထာမဟုတ်ဘူးနော် လူကြီးအထာ ဖောက်သာဖောက် ငယ်ငယ် အားပေးတယ်။

လင်းဦး(စိတ်ပညာ) said...

ဒါမှန်ကန်တဲ့ ရင်တွင်းခံစားချက်လေးပဲ။ ထောက်ခံပါတယ်ဗျာ :)

အိုင်လွယ်ပန် said...

ကောင်းဟေ့....ကောင်းဟ....
ကိုယ့်ဆရာရေ....
ကောင်းမှကောင်းပဲ.....