CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday, 10 November 2008

“စစ်ကြေညာချက်”

အလေးချိန်ပမာဏ ၁၅၀၀ တန်(tons)ရှိ
ချစ်ခြင်း အစိုင်အခဲတို့ ကို
အလင်းအလျင် နှစ်စနှုန်းဖြင့် ပေါက်ကွဲစေနိုင်သော
အချစ်မြူဗုံး တစ်လုံးအား 19:18 , 14.2.2009 တွင်
သူမ၏ နှလုံးသားရပ်ဝန်း၌ ကျဲချမည် ဖြစ်ကြောင်း
ကြိုတင် အသိပေးအပ်ပါသည် … ။

မောင်ငယ် (ခ) အိုင်းစငယ်

9 comments:

thihanyein said...

ဟးဟား ဖတ်ပြီးတော့ရယ်မိသွားတယ်ညီငယ်ရ
ကလောင်နာမည်ကိုအကြိုက်ဆုံးပဲ
အိုင်းစငယ်ဆိုပါလား ညီငယ်
တယ်ဟုတ်ပါလား အဲဒီနေ့ အကိုကတုတ်ကျင်းထဲဝင်နေမယ်ကွာ အချစ်အဆိပ်သင့်မှာကြောက်လို့ ဟဟ

Mhu Darye said...

အကျင့်ပါနေတယ် ထင်တယ်...
ချစ်သူကိုတောင် စစ်ကြေညာတယ် ဆိုပဲ...
မလွယ်ကြော...

forever said...

ဗုံးတော့မကျဲပါနဲ့မောင်ငယ်ရာ
ဗုံးဆိုတာမကောင်းပါဘူး..

Anonymous said...

ဟားဟား နယ်သား မင်းကို တော့ ငါမနိုင်တော့ဘူး ဟေ့

အိုင်လွယ်ပန် said...

အဟီးကျွန်တော်နဲ့တော့
လွတ်မယ်ထင်တယ်...........
အတွေးကလန်းလှချည်လားကိုယ့်ဆရာ :P

Tayy Aye Yate said...

ကဗျာကိုတော့ ရေလည်ကြိုက်သွားပြီ
ကြဲပြီးရင် တိုက်ပွဲအခြေအနေလေးလည်း ပြောဦး :)

Anonymous said...

တယ်ကြောက်ဖို့ကောင်းပါလားဗျို့ ဝေးဝေးရှောင်ထားမှနဲ့တူတယ်

တင့်ထူးရွှေ said...

အဲဒါမျိုးလေးတွေ ကောင်းတယ် ဂါဂါ ၊ ချသာချး)

Anonymous said...

ဟေး...ပြင်းအားဘယ်လောက်လဲ သိမ်းစရာရှိထာ သိမ်းထားမလို့  ဟိဟိ