့အပူချိန်ပြင်းတဲ့ ဝေးကွာခြင်းကြောင့်
အခုတလော သိသိသာသာ
မင်းဘက်က အချစ်တွေ အငွေ့ ပျံတာ
တံလှပ်လှိုင်းတွေတောင် ထလို့ 
ဥပေက္ခာ မိုးသားတွေပဲ
ထူထဲလာ ညိုမဲလာ
ငါ့အပေါ် အရိပ်တစ်ခုလို မိုးလာ
ဒီလူမှာ အတွေးတစ်ဖက်နဲ့  သွေးပျက်နေပြီ
ငါ့ဘက်က လေနုအေးတွေ ဆောင်ကျဉ်းပေးပါ့မယ်
အချစ်မိုးအနေနဲ့  ပြန်တော့ရွာချပေးပါ
အရင်လို ရွဲရွဲစိုပါရစေ ချစ်သူရယ် … ။
မောင်ငယ်
10 comments:
မိုးတွေရွာလှချည်လားကိုယ့်ဆရာ....
အချစ်မိုးတွေရွှဲပါစေဗျာ.....
ဆောင်းတွင်းကြီး အပူပျံလိုက် မိုးရွာလိုက်နဲ့  မောင်ငယ် နေမကောင်းဖြစ်မယ်း)
hey hey... I like this one ^-^
keep up!
ဘယ်လိုဖြစ်ကြတာလဲ ငါ့ညီလေးတွေကဗျာတွေမှာ ကြေကွဲသံစဉ်တွေနဲ့ပဲတိုးနေရတယ် ညီခင်လေးလည်းဒီလိုပဲ
ညီငယ်လည်းဒီလိုပဲ ဘယ်လိုတွေဖြစ်နေကြလဲငါ့ညီလေးတို့ရေ မင်းတို့တွေရဲ့အလွမ်းတွေတောင် ကူးစက်လာသလိုပဲကွာ
ကဗျာလေးဖတ်သွားတယ် ညီလေး။
အချစ်မိုးတွေ ပဲရွှဲရွှဲစို အောင် ရွာနေပါစေ...
မိုးကဗျာလေးကိုလာဖတ်သွားတယ်နော်
အဲလောက်ထိတောင်ဖြစ်နေပြီလားဗျာ
“ဒီလူမှာ အတွေးတစ်ဖက်နဲ့  သွေးပျက်နေပြီ...” စကားလုံးလေးတွေ သုံးထားတာ တကယ်ကိုလှပါတယ် မောင်လေး မောင်ငယ်ရေ... အမြန်ဆုံးမိုးတွေနဲ့ ရွှဲရွှဲစိုပါစေ...း)
ကဗျာလာဖတ်တယ်--
မင်းဘက်က အချစ်တွေ အငွေ့ ပျံတာ
တံလှပ်လှိုင်းတွေတောင် ထလို့ 
ဒီစာပိုဒ်လေးကိုကြိုက်တယ်---
အချစ်ငွေ့ပျံတာ တံလှပ်လှိုင်း တွေတောင် ထ
လို့--ဆိုတဲ့ သုံးထားတဲ့ စကားလုံးက ထိတယ်--
ကဗျာကို ဆွဲခေါ်သွားတယ်---
Post a Comment