ဘ၀ဈေးကွက်ထဲက အမျိုးအမည်များ
ဘာကိုမှ ဆုပ်ကိုင်မထားချင်တော့တာ
အတ္တတွေကို ခွာချလိုက်ခြင်း ဖြစ်သလို
ဝင်သက် ထွက်သက်ကို လျစ်လျူရှုလိုက်ခြင်းလည်း ဖြစ်ရဲ့  … ။
ကျနော် တွေးမိဖူးတယ်
ဒီအတ္တဘောကြီးကို ကိုယ်နဲ့ တစ်သားထဲ
ဆွဲဆွဲကပ်ထားရတာကိုက
ဝန်စည်စလယ်တွေကို ချိတ်ဆွဲထားမိသလိုပဲ … ။
ကျနော်ကိုယ်တိုင်က ကျနော့်ရဲ့ 
ကျေးကျွန်း ဖြစ်မှန်းမသိ ဖြစ်နေပြန်တယ်
ဒီကျေးကျွန်ကိုပဲ တစ်နေ့ တစ်နေ့ 
ပြုစုထိမ်းသိမ်းနေရမှုက
လက်ဝင်တဲ့ လက်မှုပစ္စည်း တစ်ခုကို
ထုလုပ်နေရသူရဲ့  ခံစားမှုမျိုးနဲ့  … ။
တစ်နေ့ ရွှေ တစ်နေ့ ငွေနဲ့ 
အဲဒီနေ့ တွေထဲ လုံးလည်လိုက်ရင်း
လုံးပါးပါးသွားတဲ့ နေ့ မှာ
ကျနော်ရုပ်တုကို ပြာချတဲ့အမှု
ဈာပန အခမ်းအနားတစ်ခုကို
ကျနော်တစ်ယောက်တည်း ကျင်းပချင်တယ် … ။
မောင်ငယ်
7 comments:
ကဗျာလေး ကောင်းတယ် ညီလေးရေ။ ညီလေးက အတွေး ကော အရေးပါ ဆန်းတယ်။
ဒီကဗျာလေးက အချစ်အကြောင်းမဟုတ်ပဲ တစ်မျိုးလေး ငါတော့ကြိုက်တယ်း)
ပြုစုထိမ်းသိမ်းနေရမှုက
လက်ဝင်တဲ့ လက်မှုပစ္စည်း တစ်ခုကို
ထုလုပ်နေရသူရဲ့  ခံစားမှုမျိုးနဲ့  မှန်လိုက်လေ ပြင်လို့ကိုမပြီးနိုင်တော့လောက်အောင်ပဲ ။
ဈာပန အခမ်းအနားတစ်ခုကို
ကျနော်တစ်ယောက်တည်း ကျင်းပချင်တယ် ။ဒါလည်းကောင်းတာပါပဲ ။
ဘာတွေ စပါးမွှေးစူးပြန်သတုန်းကိုယ့်ဆရာ...
ကဗျာဂွတ်သဗျာ ..............
ဟား.... မိုက်တယ်ဗျာ ဒါမျိုးလေးတွေကိုကြိုက်
တာဗျ။ကောင်းတယ်ဆက်ရေးဗျာ။
ရုပ်တုကို ပြာချတဲ့ အမှု ဈာပနအခမ်းအနားမှာ အဖော်လိုက်ပေးလို့ ရမလား...။
ဂရိတ်ပဲ ဂါဒီရေ :)
ရေးချင်တာ ရေးသွားပြီကွာ ကောင်းချင်သလိုကို ကောင်းနေတော့တာပဲ မင်းကဗျာတွေက ဟဟ
အေ့အေ့
Post a Comment