CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday 18 August 2008

“အိမ်” (အရိပ်စစ်)


ပခုံးနှစ်ဘက်ဆုပ်ကိုင် ဘ၀ အခြေခိုင်ဖို့ 
“လဲလျှင် ပြန်ထ ဒါဘ၀” ဆိုပြီး
ခွန်အားပြည့် စိတ်ဓာတ်တွေ သွင်းပေးတဲ့ /ဆဲ
ချစ်ကြောက်ရိုသေ ဦးခိုက်ရပါသော “အဖေ”။

ရင်ခွင်ထဲထွေးပွေ့  သိမ်မွေ့ တဲ့ အနမ်း
မေတ္တာရွမ်းတဲ့ အကြည့် ချိုသာစကားဆို
ဘ၀မှာနေနည်း အခက်မရှိရအောင်
သင်ပြလမ်းညွှန် အနန္တချစ်ခင်ရပါသော “အမေ”။

တစ်ကိုယ်စာ မကြည့် ကောင်းဆိုးကိုသိ
ဦးဆောင်ဖောက်ထွက် တွဲလက်ခေါ်ယူ
ညီလေး ဘ၀ ကဒီလို ဆိုတဲ့ 
ညွှန်ကြားပြသ လေးစားရပါသော ‘ကိုကြီး’။

အမကြီး အမိရာ ဆိုစကား
စံထားကာ အနွံတာခံ ချက်ပြုတ်ကျွေးမွေး
မောင်လေး စားလို့ ကောင်းရဲ့ လား စကားဆို
ဖော်ရွေပျူငှာ ချစ်စွာသော ‘မလေး’။

ညီအစ်ကို တစ်ဖြစ်လဲ သူငယ်ချင်း
ငယ်စဉ်တည်းက ပွင့်လင်းစွာဆွေးနွေး
ဒါကဖြင့် မကောင်းဘူး ညီလေးရ ဆိုတဲ့
ထောက်ပြရှင်းလင်း အတုယူရပါသော ‘ကိုလေး’။

မတွေရတာဖြင့်ကြာ ဝေးတစ်မြေမှာ
ပညာရှာနေတဲ့ အခိုက် သားငယ် စိတ်ဝယ်
လွမ်းဆွတ်တမ်းတ သတိတော့ရတယ် အိမ်ကို
ဆုံးခန်တိုင်တဲ့ တစ်နေ့  အောင်ပန်းတွေပွေ့ ပြီး
နွေးထွေးလုံခြုံတဲ့ နားခိုရာ အသိုက်အမြုံလေးဆီကို
သားငယ် အရောက်လှမ်းခဲ့ မယ်။

မောင်ငယ်

2 comments:

တင့်ထူးရွှေ said...

မေတ္တာတရားတွေနဲ့နွေးထွေးနေတဲ့ အိမ်လေးကို ရည်ရွယ်ချက်တွေ ပြီးမြောက်အောင်မြင်တဲ့ တစ်နေ့ အမြန်ဆုံး ပြန်ရောက်နိုင်ပါစေ ညီရေ ...။

မီးငယ် said...

ချစ်ရတဲ့မိသားစုနဲ့ မြန်မြန်ပြန်ဆုံနိုင်ပါစေ...