CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday 2 August 2008

"လက်တစ်ကမ်း"


နှလုံးသားတိုင်းက တန်းတူပဲ
ဒါကြောင့် သူ့ ကို ရေပြင်ညီခံစားကြတယ်...
သူ့ မှာ ကန့် သတ်ချက်မဲ့တယ်
အနားသတ်တွေ နေရာမရသေးဘူး...
အလယ်မှာ နေရာယူပြီး
အစွန်းရောက်မှုတွေကို ဆုပ်ကိုင်ထားတာလည်း သူပဲလေ...
သူ့ ကို ဖန်တီးနိုင်သူ မရှိသေးသလို
ဖျက်ဆီးနိုင်တဲ့ တန်ခိုးရှင်က ဘယ်သူလဲ...?
ဝေးကွာခြင်းတွေကို ရင်ငွေ့ သွန်းပေးနိုင်သလို
ထွေးပွေ့ ထားတဲ့ နှလုံးသားတွေကို
ခံစားချက်ပျောက်အောင် အဆိပ်သောက်ခိုင်းတာလည်း သူပဲဗျ...
သူက အောင်မြင်မှုကို ညာလက်ရုံးခန့် ထားပြီး
ကျရှုံးသွားအောင် အမှောက်ထိုးလှဲဖို့  အားယူနေပြန်တယ်...
ကဲ ...သင့်အနား သူရောက်နေပြီ
အသင်ဘာလုပ်မလဲ ...???
သေချာ စဉ်းစား..
သေချာ တွေးထား...။

မောင်ငယ်

4 comments:

တင့်ထူးရွှေ said...

နှလုံးသား တိုင်းဟာ တန်းတူပဲ .. အသေအချာ ကိုကောင်းတဲ့ စကားလုံး .. လန်ထွက်နေတယ် ၊ ကဗျာကောင်းတွေ ဆက်လက်ရေးဖွဲ့နိုင်ပါစေဗျာ ။

ကောင်းအောင် said...

စကားလုံးတွေက လန်ထွက်နေတာပဲဗျ... သေချာစဉ်းစားပြီးသေချာလည်း တွေးထားတယ်ဗျ.. အစစအရာရာ အဆင်ပြေပါစေဗျာ...

ဖြိုးငယ် said...

သူက အောင်မြင်မှုကို ညာလက်ရုံးခန့် ထားပြီး
ကျရှုံးသွားအောင် အမှောက်ထိုးလှဲဖို့  အားယူနေပြန်တယ်...
ကဲ ...သင့်အနား သူရောက်နေပြီ
အသင်ဘာလုပ်မလဲ ...???

မိုက်တယ်ဗျာ .... ဘာလုပ်ရမှာလဲ ...ပြောလေဗျာ

Unknown said...

ကျနော်ဘာလုပ်ရမလည်းကိုမောင်ငယ် :)