CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday 30 July 2008

“ပြန်ဆုံမယ့် မနက်ဖြန်”


နွေရဲ့ နေက ခွဲခွာသူနှစ်ဦးရဲ့
ဝေ့ယမ်းနှုတ်ဆက်မယ့် အေးစက်စက်လက်ဖျားတွေကို
အရေပျော်စေလောက်အောင် ပူပြင်းနေလေရဲ့

စည်းချက်မဲ့ တစ်ဖျတ်ဖျတ်လှုပ်ခတ်
တုန်ရီရှိုက်ငိုဆဲ ချစ်သူနှုတ်ခမ်းပါး

ငွေရည်ဖွဲ့  မျက်ဝန်းတစ်စုံရဲ့
တိုးလျညင်သာ စကားသံတစ်ချို့ 

မူမမှန်တဲ့  ရင်ခုန်သံအားပျော့ ပျော့က
သက်ဆိုင်သူဆီသို့  ကြေးနန်းပို့ တယ်

သိပ်ကိုဆူညံနေတဲ့  ပတ်ဝန်းကျင်ရဲ့
ချစ်သူနှစ်ဦးကမ္ဘာမှာ အသက်ရှုသံတောင် ကျယ်လောင်လို့ 

နွမ်းခြေခံထားရတဲ့  လက်ကိုင်ပ၀ါစရဲ့
သိမ်ငယ်မှုမျိုးနဲ့  သူမထပ်တူကျတယ်

ကျန်ရစ်သူနဲ့  ချန်ရစ်သူ ရင်နာတာခြင်းအတူတူ
ဘယ်သူသာတယ် မပြောလိုဘူး ချစ်သူ

ရှေမှာဆူးပြွမ်းတဲ့ အချိန်ရဲ့ လမ်းတွေကို
အချစ်ရဲ့ စွမ်းအားနဲ့  ဖြတ်ကျော်မယ်လေ

တို့ နှလုံးသားတွေကို နှစ်ဦးသဘောတူ
အပြန်အလှန် သိမ်းပိုက်ထားခဲ့ ကြပြီးပြီပဲ

ဘာအတွက်ကြောင့် ဝေးရမှာလဲ
စိုးရိမ်နေရတာလည်း ကလေးရယ်

သေချာပါတယ် မနက်ဖြန်ဆို တို့ ဆုံတွေ့ ရတော့မှာပဲ
ပြန်ဆုံမယ့်နေ့ ရဲ့ မနေ့ ကဆိုတာ ဒီနေ့ ပဲလေ…။

မောင်ငယ်

PS =>ချစ်သူနှင့် ခွဲခွာခဲ့ရသော ချစ်နယ်သားကြီး ချစ်တတ်လွန်းသူကြီး သန့် ယဉ်ကိုအတွက် ခံစားရေးဖွဲ့ ပါသည်။ ဟီးဟီး :D

3 comments:

Unknown said...

မောင်ငယ်ရေ ... ကဗျာက ကောင်းတယ်ကွ ..
လင့်ခ်ကတော့ မှားနေတယ်

သန့်စင် said...

နယ်သား ငါက မင်းထင်ထာတာထက်တောင် ပိုတယ်ကွ
ဟားဟားဟား မင်းကဗျာကြောင့် ငါက နောက်ထပ်
ကိုသောက်ရမ်းချစ်တတ်ပါ့ ဆိုတဲ့ ဘလော့တစ်ခု ရေးရလိမ့်မယ် ထင်တယ် ဟားဟား

တင့်ထူးရွှေ said...

ကောင်းတယ်ဗျ ၊ ကဗျာဆုံးခါနီးမှ ခေါင်းစားထားသေးတယ် :P