CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday 27 July 2008

" အတုံ့ "


ပစ်လွတ်လိုက်တဲ့
မောင်းချဓား တစ်လက်
ဦးတည်ရာ ပျက်ပြီး
အရှိန်နှစ်ဆနဲ့  ပြန်ပြေးဝင်လာတယ်...
ရင်အုံကို ဖြတ်ခွဲ ငါ့နှလုံးသားကို ခတ်ထုတ်မလို့ တဲ့...။

နင်းချထားခဲ့တဲ့
ခြေရာတွေ
ခြေရာကိုပဲ ပြန်ကောက်ပြီး
ငါ့နောက်ကို လိုက်လာတယ်
ငါ့ကို နင်းသတ်ကြမလို့ တဲ့ ...။

ပြောမိခဲ့ဘူးတဲ့
စကားတစ်ခွန်း
အသွင်ပြောင်းပြီးမှ ငါ့ဆီကို ပြန်လာပြီး
ကတ်ကတ်လန်အောင် ရန်တွေ့တယ်...
သောက်ရှက် မရှိတဲ့ကောင်တဲ့...။

အခု ကျနော်..................။

မောင်ငယ်

2 comments:

သန့်စင် said...

အစကတည်းက အရှက်မှ မရှိတာ ဘာမှ အတုံ့မဟုတ်ဘူး စောစောစီးစီးကတည်းက အပြောခံရမှာ :p

Kaung Kin Ko said...

ဒီ ကဗျာလည်း ကြိုက်တယ်ဗျာ