့
မနေ့ က လေညှင်းလေးက ပြောသွားတယ်…
ရင်ခုန်သံခြင်း လက်ထပ်ကြမယ်တဲ့...
ချစ်ခြင်းတွေ ရီုးမြေကျပေါင်းသင်းကြမယ်တဲ့...
မျက်ဝန်းတွေ နှလုံးသားထိမြင်ရအောင် ဖွင့်ထားကြမယ်လေတဲ့...
ကိုယ်သင်းနံ့တွေ အတူလက်တွဲလမ်းလျှောက်ချင်သေးတယ်တဲ့...
ပြီးတော့ တိုးတိုးလေးထပ်ပြောတယ်…
ကျနော့် စကားသံတွေ တာရှည်ခံအောင်…
သူ့ နှလုံးသားထဲမှာ နှလုံးသွေးနဲ့ ဆေးစိမ်ထားအုံးမယ်တဲ့...
ကျနော့် လက်ဝဲရင်အုံတစ်ခြမ်းကို…
ကမ္ဘာတစ်ခြမ်းထက် ပိုလို့ ပိုင်ဆိုင်ချင်ပါတယ်တဲ့...
အဲဒီ ရင်ခွင်မုာ ခဏတာမှေးစက်ရခြင်းဟာ…
သူ့ တစ်ဘ၀လုံး ငြိမ်းချမ်းခြင်းပါတဲ့...
မနက်ကပဲ လေညှင်းလေးနဲ့  ကျနော်…
နှလုံးသား အပ်နှင်းပွဲ ကျင်းပတယ်...
ကျနော့်  နှလုံးသား ဒီနေ့ ည ကံကောင်းပြီထင်ပါရဲ့ ...။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
1 comments:
နှလုံးသားရေ ဒီည ကံကောင်းပါစေဗျာ :)
Post a Comment