CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Monday 14 July 2008

"သူမ…….."


သူမနဲ့ ...အိပ်မက်ဆန်ဆန်ပဲ တွေခဲ့တာပဲလေ...
သူမက...ခဏအတွင်းမှာပါပဲ ကျတော့်နှလုံးသားမှာ အကြားအလပ် မရှိ နေရာဝင်ယူတယ်...
သူမကြောင့်...ကျတော့် ရင်ခုန်သံတွေ ကြီုးတင်းတဲ့ ဂစ်တာ တစ်လက်လို တုန်ခါနှုန်းတွေမြန်လို့ ...
သူမရဲ့ ...ကာရံမညီတဲ့ ခပ်လွင်လွင် ရယ်သံတွေ ကျနော့်နားထဲ ဝေ့လည်ကြောင်ပတ် လုပ်နေကြဆဲပဲ...
သူမရဲ့ ...ပုံရိပ်တွေ ကျနော်အခန်းထဲ တစ်ဖွဲဖွဲ ကြွေကျလာပြန်တယ်...နွေဦး ကြွေတဲ့ရော်ရွက်ဝါတွေလိုပေါ့... သူမကို...သတိရလိုက်ပုံများ ရှိုက်သွင်းပြီးသား လေကို ထုတ်ဖိုမေ့တဲ့ အထိ...
သူမကို...ကျနော့် အိပ်မက်လိုင်စင် အပြီးအပိုင် အပ်နှင်းထားခဲ့တာ...
သူမပဲ...ကျနော်ပေးတဲ့ မ၀ံ့မရဲ အနမ်းတွေကို တစ်ဖက်ကိုလှည့် အဝေးကိုငေးပြီး လက်ခံတတ်တာလေ…
သူမနဲ့…ကျနော် ရန်ခုန်သံနဲ့ထွန်ယက် နားလည်မှုတွေပျိုးကြဲ မျှော်လင့်ခြင်းအနာဂတ် အဖူးအပွင့်တွေ စောင့်စား စောင့်စား…
သူမက…ပြောလာတယ် နေရာသစ်ကို ရွက်လွှင့်တော့မယ်တဲံ့…
သူမနဲ့…အတူရှိဖူးခဲံ့တဲ့ မများလှတဲ့ ရက်သတ္တပတ်တွေကို အလိုမကျစွာ မကုန်ဆုံးချင်ပဲ…
သူမနဲ့…ပက်သက်လို့ ကျနော့်အတွက် နေညိုချိန်တွေလွန်လို့ ညတစ်ခုဆိုက်ရောက်လာခဲ့ပြီ…
သူမနဲ့…အတူမလျှောက်ဖူးခဲ့တဲ့ မြေနီလမ်းလေးဘေးမှာ နှင်းပန်းလေးတွေတောင် ငှားငှားစွင့်စွင့် လန်းပွင့်နေကြပြီ…
သူမက… နေရာသစ်မှာ အိမ်မက်သစ်တွေနဲ့ …
သူမက…ကျနော့် နှောင်တွယ်မှုတွေကို ဖြတ်တောက်ဖို့ ဓားတစ်လက် မြှိနေအောင် သွေးတယ်…
သုမရဲ့…လက်ထဲကဓားတစ်လက် ဖျတ်ခနဲ လက်သွားတဲ့အချိန်ကို ကျနော် မသိလိုက်မသိဘာသာ…
သူမက…ဒီလိုနဲ့ပဲ အိပ်မက်ဆန်ဆန် လမ်းခွဲသွားခဲ့ပြန်တာပဲလေ…။

မောင်ငယ်

1 comments:

တင့်ထူးရွှေ said...

သူမ ဆိုတဲ့ ဇတ်လမ်းလေး တစ်ပုဒ်ပေါ့
သူမက…ကျနော့် နှောင်တွယ်မှုတွေကို ဖြတ်တောက်ဖို့ ဓားတစ်လက် မြှိနေအောင် သွေးတယ်…
သူမကို...သတိရလိုက်ပုံများ ရှိုက်သွင်းပြီးသား လေကို ထုတ်ဖိုမေ့တဲ့ အထိ... တည့်တည့်ကိုလာမှန်တဲ့ စကားလုံးတွေ
ကောင်းတယ်ဗျာ ၊ အားပေးနေပါတယ် ကိုမောင်ငယ် ။