CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday 27 July 2008

“နွေရဲ့ ပန်းကဗျာ"


အတန်းရှေ့က ဖြတ်လျှောက်သွားတဲ့
အဖြူ အစိမ်းနဲ့  လေညှင်းလေး
ကျနော့် ရင်ထဲမှာ အပြာရောင်လှိုင်းတွေ
ခပ်ကြမ်းကြမ်း ကမ်းကပ်တယ်…။

ပြတင်းတံခါးဘေး တွေတွေလေးငေးပြီး
နွေဦးရဲ့  ကဗျာတွေ သူမ ဖတ်နေချိန်မှာ
ကျနော် အခန်းဘယ်ဘက် ထောင့်နားကနေ
ကဗျာတစ်ပုဒ် ဆွဲထုတ်တယ် (မှတ်မှတ်ရရ)…။

‘ချစ်သူ့ ပါးပြင်ပေါ်မှ မွှေးညှင်းစိမ်းများ အကြောင်း’

ကဗျာတစ်ပုဒ်နဲ့  ပန်းတစ်ပွင့်ကို ရစ်သိုင်း
မတောင်းပဲ ပေးခြင်းဆိုတဲ့ ‘ကံ’ တစ်ပါး
သူမအပေါ် ကျနော် ကျူးလွန်တယ်
သိပ်များ ရိုင်းသွားလား မစဉ်းစားနိုင်ခဲ့ဘူး…။

အဲဒီနှစ်က ကျနော်ဖြေတဲ့ စာမေးပွဲ
အောင်ရှုံးစားရင်း မထွက်ဘူး
ဆွေးမြေ့ကဗျာတစ်ပုဒ်နဲ့  ပန်းခြောက်တစ်ပွင့်
ကြွေလွင့်သွားလေပြီလား……………………..။

မောင်ငယ်
PS. ‘ချစ်သူ့ ပါးပြင်ပေါ်မှ မွှေးညှင်းစိမ်းများ အကြောင်း’ ကဗျာကို
သူမထံတွင် သွားရောက် ခံစားဖတ်ရှု နိုင်ပါကြောင်း……..။

5 comments:

သန့်စင် said...

"ကျနော် အခန်းဘယ်ဘက် ထောင့်နားကနေ
ကဗျာတစ်ပုဒ် ဆွဲထုတ်တယ် (မှတ်မှတ်ရရ)…။ "
အဲဒီကဗျာလေးလဲ ဖတ်ချင်သေးတယ် ရှိသေးရင် တင်ပေးပါဗျို့ ။

Kaung Kin Ko said...

ကောင်းလိုက်တဲ့ ကဗျာ ဗျာ။

တင့်ထူးရွှေ said...

အိုး အဖြစ်အပျက်တွေ ဆင်တူနေတယ် :)

Mhu Darye said...

အဲဒါ လိမ်ဇာတ်ကြီး အဟွတ် အဟွတ် ချောင်းကလည်း ဒီချိန်မျိုးဆို ဆိုးချင်ပြီ။ ^_^

Unknown said...

ဒီကဗျာလေးလန်းတယ်ဗျို့ မိုက်တယ်
ရင်ခုန်သံခြင်းတွေကနီးစပ်လွန်းတယ် :)