CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday 19 July 2008

“ကာရန်ပျောက်တဲ့ည”


နာရီပြန် တစ်ချက်ကျော်နေပြီ
အာခေါင်တွေ ခြောက်ကပ်
အတွေးတွေ ဥဒဟိုပြေးလွှား
လက်ဖျန်ထဲက တဆစ်ဆစ်နဲ့ 
အသွေးအသားတွေ ဗြောင်းဆန်
အံကြိတ်သံကတောင် ငါ့ကိုပြန်ခြောက်လှန့် 
လက်သီးဆုပ်ထဲ ချွေးစေးတွေရွဲ
နားထင်ကြောတွေတင်းမာနေလိုက်တာ ဆတ်ဆတ်ခါနေပါရောလား
အား…..ဒီခန္ဓာ ချုပ်ငြိမ်းလိုက်ပါတော့
သွေးစာနေတဲ့ နတ်ဆိုးတစ်ကောင်လိုပဲ
ခံစားချက် ကြိုးသီလို့ မရတဲ့ ညတစ်ည…။

မောင်ငယ်

3:54 AM,15.6.08

2 comments:

တင့်ထူးရွှေ said...

ကဗျာလေးတော်တော်လှတယ်ဗျ ကိုမောင်ငယ် ။

Unknown said...

ဒီကဗျာလေးလည်းလန်းတယ်ဗျာ ကိုမောင်ငယ် ခံစားချက်တွေကြိုးသီလို့ မရတဲ့ည ဟုတ်တယ်တစ်ခါတစ်ခါ :)