့
နှလုံးသား ရဲ့ 
အနက်ရှိုင်းဆုံးတစ်နေရာက ဖြစ်တည်လာတဲ့
စကားတစ်ခွန်း
ပြောဖို့အတွက် တရစပ် ပြေးအထွက်
လည်မျိုကို အတက်
ဦးနှောက်က တားတယ်
ကောင်လေး အောက်ပြန်ဆင်း…။
လက်ဖျံထဲလှည့်လည်
စာတစ်ကြောင်း
ရေးဖို့အတွက် အားမာန်ထည့်
သိစိတ်က ထပ်တားတယ်
ကောင်လေး စိတ်လျော့လိုက်…။
အောက်ခြေထိဆင်း
အမြင့်ဆုံးထိ ခုန်တက်ဖို့အားယူ
ကြောက်စိတ်က တားပြန်တယ်
ကောင်လေး အကျမတော်ရင်….။
သွေးကြောထဲ လှည့်ပတ်
အား…ပေါက်ထွက်မတက်ပဲ….။
တစ်နေ့နေ့ ၊တစ်ချိန်ချိန်၊တစ်နေရာရာ
နှလုံးသားချင်းဝင်တိုက်…
ဝုန်းကနဲ ထခုန်(ကျနော့် နှလုံးသား)
ဦးနှောက်၊သိစိတ်၊ကြောက်စိတ်
အားလုံး အတိတ်မေ့
အလင်းအလျင်နဲ့ စကားတစ်ခွန်းထွက်လာတယ်
မင်းကို ကိုယ်ချစ်တယ်…။
မောင်ငယ်
လွမ်းတယ် ပိုး
2 months ago
0 comments:
Post a Comment