CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday 21 August 2008

“ပြောင်းလဲချိန်"


ဖြူလွလွ တိမ်တွေ
ကောင်းကင်မှာယိမ်းနွဲ့ လို့ 
ရိုးသားမှု အတိနဲ့ 
ဆည်းဆာချိန်
အရောင်တောက်လာလိုက်တာ
နီဆွေးဆွေးတိမ်တွေဖြစ်သွား
ပြေးလွှားနေကြပါလား
ပြောင်းလဲ သွားတာထင်တယ်…။

ရဲရဲတွတ်နီ သွေးရည်ကြည်တွေ
ခန္ဓာထဲမှာစီးဆင်းလို့ 
ဣနြေ္ဒရရနဲ့ 
ခံစားတတ်တဲ့အချိန်
အချစ်ဆိုတဲ့ ငနဲသား
ကြီးထွားလာလိုက်တာ
ကြည်ပြာရောင်သွေးတွေဖြစ်သွား
စိမ်းလန်းနေကြပါလား
ချစ်မိသွားပြီ ထင်တယ်…။

မောင်ငယ်

4 comments:

Unknown said...

ဘယ်သူ့ ကိုလည်းကျတော်လည်းသိချင်တယ် အဟိ :)

တင့်ထူးရွှေ said...

သွေးတက်နေတာဖြစ်မယ် ဂါဂါ ...

ဖြိုးငယ် said...

ကြည်ပြာရောင်သွေးတွေက ဘယ်လိုမျိုးလဲဗျာ ...

သွေးက ကြည်ပြာရောင်ဖြစ်သွားတယ်ဆိုတော့
ခင်ဗျား ရောဂါရနေပြီထင်တယ် ...
နောက်တာပါ... ကဗျာလေးက ကောင်းတယ်ဗျာ

Kaung Kin Ko said...

ကြည်ပြာရောင် သွေးတွေ ဖြစ်သွားသတဲ့လား။ ကဗျာလေး ကောင်းတယ်ဗျာ။