CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday 24 August 2008

"နောက်ဆုံးနွေ"


ဒီရင် ရွက်ကြွေတော
သံယောဇဉ် အရိုးပြိုင်းပြိုင်းထတယ်...
နွေဦးပေါက်မှာ
အစောဆုံး စိမ်းလန်းခွင့်ရတဲ့ အဖူးက
နင်ပါ...
'ဝေမျှခြင်းကင်းချင်တယ်' တဲ့လား
ကျန်တဲ့ အခက်အလက်တွေ
ငါသေဆုံးပေးမှာပေါ့ ...
အမြစ်ဖျားက အစ
ခန္ဓာပင်စည် တစ်လျှောက်လုံး
ရှာဖွေရသမျှအချစ်
မင်းအတွက်ပဲ ဖြစ်ရမယ်လေ...
အစဉ်နုဝေနေပါ
မင်းကြွေဖို့  နောက်တစ်နွေဆိုတာ
မရှိစေရဘူး ချစ်သူ...။

မောင်ငယ်

3 comments:

တင့်ထူးရွှေ said...

ဟိုက်ရှားပါးး တော်ကီတွေကတော့ လန်းတယ် :P

Unknown said...

ရေးချက်တွေကတော့ လန်းတယ်ဗျာ :)

သက်ထွန်းညိမ်း said...

လန်းတယ်ဟေ့ ရေးတာတွေကတော့ ..ဘာတဲ့
ကျန်ခဲ့တဲ့ အခက်အလက်တွေ ငါသေဆုံးပေးမှာပေါ့
ဆိုပါလား....ကောင်းသဟေ့...