CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday 10 January 2009

"စုန်ရဲရဲ ဆန်ရဲရဲ"


ထာဝရ ဦးညွတ်ပါတယ် အမေ ။

အမေ့ဂုဏ်ရည် အထူးထူးကို
အပြည့်အ၀ဖော်ကျူးဖို့ 
ဒီနေ့ ထိ ဘယ်သူမှ
ဥာဏ်မကွန့် မြူးနိုင်သေးတာ
အားလုံးတခဲနက် လက်ခံလျက်ပဲ ။

အမေလို့ လျှာဖျားလေးနဲ့ 
မြည်တမ်းလိုက်ရင်တောင်
လှိုက်လှိုက်တက်လာတဲ့
ရင်ထဲက ကြည်နူးမှု
အမေ့မေတ္တာကြောင့် ဆိုတာ
ဘယ်သူမှ မငြင်းဝံ့ဘူး အမေ ။

ခေတ်အဆက်ဆက်က
သူရဲကောင်းတွေထက်
မြင့်မြတ်သူတွေ ဆိုတာ
အမေဆိုတဲ့ အမည်နာမ
သမုတ်ခံရသူတွေသာ ဖြစ်ရဲ့  ။

အသက်ကို အရင်းထား
စွန့် စားရဲတဲ့ အမေ့အတွက်
သား၊သမီးတိုင်း
ပြန်ရဲရင့်ခွင့် ရှိသင့်တာပေါ့
ပြန်ရဲရင့်သင့်တာပေါ့ ။

သားတော့
အမေ့အတွက်နဲ့ ဆို
တလောကလုံးနဲ့ တစ်ယောက်
အန်တုပြီး ရန်ပြုရဲတယ် အမေ ။

မောင်ငယ်

P.S => အမေနေ့  ကို ဂုဏ်ပြု ရေးဖွဲ့ ပါသည် ။

2 comments:

ညိမ်းညို said...

ညီလေးရေ ဖတ်ရတာ လှိုက်လှိုက်လှဲလှဲ ရှိလိုက်တာကွာ။
ဒီအပိုဒ်လေးကိုလဲ သိပ်ကြိုက်တာပဲ

ခေတ်အဆက်ဆက်က
သူရဲကောင်းတွေထက်
မြင့်မြတ်သူတွေ ဆိုတာ
အမေဆိုတဲ့ အမည်နာမ
သမုတ်ခံရသူတွေသာ ဖြစ်ရဲ့  ။

အမေ့ရင်ခွင် အမြန်ဆုံးခိုဝင်နိုင်ပါစေကွာ
(ခွင့်ရပါစေလို့ ဆုတောင်းပေးတာ :) )

အိုင်လွယ်ပန် said...

နင့်နင့်နဲနဲပါပဲကိုယ့်ဆရာရေ ....