CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday 17 January 2009

"ရွာကင်း"


မှည့်မျိုးမထင် ကွမ်းတောင်ရှင်ပ
ရွာ့လှပဂေး ထွေးညိုလေးရဲ့ 
ဝါအကျွတ်မှာ နဖူးစာမှန်
ဧကန်ဖြစ်ရေး စိတ်ဝယ်တွေးငေး
ကြိတ်ပိုးဆွေးရ မောင့်ဘ၀ ... ။

ရွာရိုးတခွင် စကာတင်စစ်
မောင်ကြီးကျန်ရစ် မဖြစ်ရအောင်
ကျန်ကာလသား ငနာများကို
စကာကျဲကျဲ နာနာဆွဲပြီး
ဒီမောင့်အလှည့် မောင့်အလှည့်မှာ
စကောနဲ့ သာ စစ်ပါကွယ် ... ။

မောင်ငယ်

7 comments:

Kaung Kin Ko said...

ရွာဓလေ့ ကဗျာလေး ခံစားသွားတယ်ညီ။

ဝေလေး said...

ဟဟ.. တရားတယ်နော်... သူ့အလှည့်မှ စကောနဲ့စစ်ရမယ်.... :P :P

အိုင်လွယ်ပန် said...

စကောနဲ့စစ်ရင်တော့
ပုံထွက်သိပ်မကောင်းလောက်ဘူးကိုယ့်ဆရာ :P

ကျေးလက်နံ့လေးသင်းနေတယ်ဗျာ...
ရေးနိုင်တာချီးကျူးတယ်...ကြိုက်ပ

တင့်ထူးရွှေ said...

ရေစစ်နဲ့သာ စစ်ခိုင်းလိုက်ပါတော့ မောင်ငယ်ရာ :P

မသက်ဇင် said...

မောင်ငယ်ရေ--
ကျေးလက်နံ့သင်းတဲ့ ချစ်စရာကဗျာလေးပါ--
ပျော်ရွှင်ချမ်းမြေ့ပါစေ--

Anonymous said...

=) ပြောတော့ဘူး ကဗျာဖတ်ပြီးရယ်နေတယ်ဆိုတာ ။

Anonymous said...

တယ်ဆိုတဲ့ စာပါလားဗျ အဟေဟေ
ကောင်းပါ့ စကောနဲ့ မစစ်ခိုင်းနဲ့ တခါတည်းသာ မပြေးဗျို့