CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday 25 January 2009

"အားလပ်ရက်"


မြူမှုန်ကျင်းတဲ့ မနက်ခင်း
လင်းပြီ
နေမထွက်ပဲ ...
နေ့ တစ်နေ့ အတွက် စိတ်ကို ခင်းကျင်းလိုက်တော့
အိပ်ယာသိမ်းဖို့  သတိမရဘူး
စီးကရက်ကို မီးပြေးရှို့ ဖို့ ပဲ သတိရ
စိတ်အာသာပြေမှ နံနက်ခင်းက လှတာကလား ...
ထင်ပါရဲ့ 
သူသူငါငါ ဒီနေ့ ကိုတော့ အပိုင်ရလိမ့်မယ်လို့ 
တနင်္ဂနွေနေ့ လေ ...
ဒီနေ့  စိတ်စေစားရင်
လမ်းမထက် ခြေရာ ကျန်ကောင်းကျန်မယ်
ကြာပါတယ်
ကဲ မင်းလည်း မနက်စာစားပြီးရင် လမ်းပေါ်တက်
နေရာတွေတာ မတူမယ်
ငါတို့  လမ်းမထက်
ဒါကြောင့် ဒီနေ့ အားလပ်ရက် ... ။

မောင်ငယ်

6 comments:

Welcome said...

ပေါ့ပေါ့ပါးပါးရေးထားတဲ့ အားလပ်ရက် ကို
နှစ်သက်စွာ ဖတ်သွားတယ်။
ပျော်ရွှင်အဆင်ပြေပါစေ

Anonymous said...

မောင်ငယ် ညစ်ပတ်
အိပ်ယာထ သွားမတိုက် မျက်နှာမသစ်
ဆေးလိပ်ဖွာတယ်ဆိုတော့အနံ့သက်ကတော့ သင်းပျံ့နေမှာပဲး)

အိုင်လွယ်ပန် said...

နေရာတွေသာမတူမယ်....
စကားမစပ် ဒီနေ့အားလပ်ရက်ဗျာ :P
ကောင်းတယ်ဗျို့ ..........

ရိုးမြင့်အောင် said...

ဟုတ်တယ်... အားလပ်ရက်ပါ... ၂ ပတ်တောင်... အဟတ်ဟတ်...

emayarKhin said...

ကြွားတယ်ပေါ့လေ....သူများတို့ကတော့
မအားလပ်ရက်....စိတ်နာတယ်.....

Anonymous said...

အော်... သူများတွေများ အားလပ်ရက်က
တနင်္ဂနွေနေ့ပဲရှိတာနော် ကျနော်ကတော့ နေ့တိုင်းအားလပ်ရက်ပဲ မအားတာဆိုလို့ သူဌေး
ရှိနေချိန်လေး တချက်ပဲ ကျန်တဲ့ အချိန်ကတော့
ဘာမှကို မလုပ်တာ အေးရော။
အေးရာအေးကြောင်း ပဲလေ ဟီဟီ