CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Wednesday 21 January 2009

"အဖြည့်ခံ"

့
နင် ဝေဖို့ ပါ
ငါ ...
သန်စွမ်းပျိုမြစ် သစ်မြစ်တွေအလား
နေဆိုမအား ညမနားနဲ့ 
ထိုးခွဲတိုးဝင်ချက် ဟိုး…နက်နက်ထိ … ။

မောင်ငယ်

11 comments:

ညိမ်းညို said...

ညီလေးရေ
တိုတိုလေးနဲ့ လန်းတယ်ဝေ့ :P

Anonymous said...

ဘာကိုဆိုလိုတာတုန်း မမြှုပ်နဲ့ ဖော်ပြ နားလည်ဘူး ။

Kaung Kin Ko said...

ညီလေးရေ။ ကဗျာလေး ဖတ်သွားတယ်။ အဆင်ပြေပါစေ

Anonymous said...

ဘာချက်တာလဲ gtalk လား vzo လား :P

mhyawlintchin.blogspot.com said...

ရေးချက်တွေကလည်းလန်ထွက်နေတာပဲ
တိုတိုနဲ့လိုရင်းကိုအတင်းထိုးထည့်ထားတာပါလား
ကောင်းတယ်ဗျို့အားပေးနေပါတယ် :)

Anonymous said...

ဟိုးနက်နက်ထိဆိုတော့ ဘယ်နက်နက်လဲဗျ
ကိုယ့်ဆရာ မရှင်း မရှင်းတော့ မလုပ်ပါနဲ့ဗျာ
ဖတ်ပြီး တုန်သွားတယ်ဗျ ဟိဟိ

Ðaywalker[Soul] said...

ကိုငယ်ရေ...ကဗျာလေးတွေ ရိုက်ရင်... ဝလုံးနဲ့ သုံညလေး သေချာရိုက်ပေးပါဗျာ... နိုမို့ဆို ဝါးတားတားနဲ့ ဖြစ်သွားလို့ ။ ဆရာလုပ်တာလို့ မယူဆပါနဲ့... ကဗျာမှာ စာလုံးတစ်လုံးက အရေးပါလို့ပါ။ ဝလုံး ( Shift+ < ), သုံည (0)
ကဗျာလေးကို ကြိုက်ပါတယ်ဗျာ... နင်ဝေဖို့ ...ငါ...နက်နက်ထိ။ တိုတိုလေးနဲ့ အရမ်း ကောင်းပါတယ်။

mgngal said...

ဟုတ်ကဲ့ ကိုdaywalker ။ ကျနော်လည်း အမှုမဲ့ အမှတ်မဲ့
သုညနဲ့ ပဲ ရိုက်နေတာဗျ ။ ကျေးဇူးတင်ပါတယ် ။:)
လာရောက်ဖတ်ရှု အားပေးသွားကြသူအားလုံး ကျေးဇူး ။ :)
ခင်မင်လေးစားစွာဖြင့်
မောင်ငယ်

အိုင်လွယ်ပန် said...

နင်ဝေဖို့ပါ .....ငါ
ကောင်းမှကောင်းပဲဗျာ

သံလွင် HeRo said...

အရမ်းထိပါတယ်ဗျာ။

ဖြိုးငယ် said...

တိုတိုနဲ့ကောင်းတယ်ဗျာ .. မိုက်တယ်