့
မကွန်းခိုခဲ့ ရပေမယ့်
ရွှေညောင်ပင် အေးရိပ်မှာ
သန့် ရှင်းရေးလုပ်ခဲ့ တာလေး
ငါတော့ အမှတ်ရနေသေးတယ်…။
ကံ့ကော်တောရဲ့ သင်းပျံ့ ရနံ့ ကို
ရှုရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ ပြယ်သော ချယ်ရီတောကို
ငေးမောခဲ့ရတဲ့ အခိုက်အတန့် လေး
ငါတော့ ပြန်လွမ်းမိသေးတယ်…။
ပုဂံလမ်းကနေ မျှော်စောင့်နေမယ်
ပြောခွင့် အခါမသင့်ခဲ့ပေမယ့်
ဧည့်ဆောင်လမ်းမထက် လှမ်းလွင့်လာမယ့်
ချစ်သူကို ကြိုလင့်ရတာ
ငါတော့ ပိုရင်ခုန်ခဲ့ရဖူးရဲ့ …။
ဂျပ်ဆင်လမ်းထက် ချစ်ဦးသူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည်လမ်းထက် လက်ဆွဲအိတ်ကိုဆွဲ
လက်ပြည့်လွဲ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်း
ငါတော့ ခုထိ ရဲရင့်နေဆဲပဲ…။
လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့ တွေ မခိုလှုံခဲ့ကြရပေမယ့်
ချယ်ရီရိပ်ပျို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကို မြိုချ ချွေးစက်တွေ ခါထုတ်ခဲ့ရတဲ့
ထိုထိုနှစ်များကိုတော့ ငါတို့ 
ဘယ်လိုမေ့လို့ ရမှာလည်းကွာ…။
PS-နောင်တော် ၊ညီငယ် နှင့် သူငယ်ချင်းမျာသို့  အမှတ်တရ...။
3 comments:
လွမ်းစရာတွေနဲ့ကြီးပဲ တွေ့နေတယ် ဂါဂါရေးးးးးး))))
အရမ်းကောင်းတဲ့ကဗျာလေးပါ...
ကိုယ်တိုင်မတက်ခဲ့ရပေမဲ့ သူငယ်ချင်းတွေပြောပြလို့သိခဲ့ရပါတယ်...
ဘ၀မှာ ပျော်ရာမှာ မနေပဲတော်ရာမှာနေရတဲ့ သူငယ်ချင်းတို့ရဲ့ဘ၀ကို တကယ်စာနာမိပါတယ်..
ကောင်းတယ်ဟေ့ .. ၀က်ဆိုဒ်အတွက်
ဒီကဗျာလေး ပေးရင် ပိုကောင်းမယ်ကွာ
Post a Comment