CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday 23 December 2008

"ငနာရဲ့  ကဗျာ ယဉ်ကျေးမှု"


ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အသေကောင်လို တွေးငေးပြီး
ကဗျာတွေလည်း တသသ ခဏဏ ပုံသွင်းဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
ကဗျာရေးခြင်းက ပန်းပုထုခြင်းနဲ့ လည်း
ဆင်ဆင်တူတယ်လို့  ခံယူဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
မှောင်နက်မည်းမည်းထဲ ဟိုဒီပျံ့ ကျဲနေတဲ့
စကားလုံးတွေလည်း ကောက်သင်းကောက်ဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အရောင်လက်တဲ့ ခင်ဗျားတို့ ရဲ့  စာသားတစ်ချို့ 
ပုခုံးနှစ်ဘက် အထက်နားက အလုံးကြီးထဲမှာ သိုသိုသိပ်သိပ်ရှိရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အရည်မှီ ကဗျာတစ်ပုဒ် ဖန်တီးရ ၊ ဖတ်ရတဲ့အခါ
ကျောက်သမား ကျောက်အောင်တာကို လှောင်ချင်ရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
ကဗျာရှိရာနောက် အနှံ့ လျှောက်ယက်
ကြက်အစာကောက်သလို တဒေါက်ဒေါက် နှိုက်စားဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အရည်မရ အဖတ်မရ အကြောင်းအရာအတွက်လည်း
ကဗျာကို လက်တစ်လုံးခြား လှည့်ဖြားပြီး မိုက်မှားကျူးလွန်ဖူးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
ကဗျာဈေးကွက် ကြေးတက်ဖို့ လည်း
ရွှေဈေးနဲ့  ဆွေမျိုးစပ်ကြည့်ဖူးသေးရဲ့  ... ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အလေ့ကျ မဟုတ်တဲ့ ရာသီကဗျာတို့ ကိုလည်း
လူပုံအလယ် ဗန်းခင်း တင်သွင်းဖူးရဲ့  ... ။

ဒီငနာ့ ကဗျာများကို စားသုံးမိလို့ 
အဆိပ်သင့်ခဲ့ရင် ၊ အာဟာရ မဖြစ်ခဲ့ရင်
ငနာရဲ့  ညံ့ဖျင်းမှုသာ ဖြစ်ပါသည် ... ။

မောင်ငယ်

10 comments:

emayarKhin said...

ဒီငနာရဲ့ကဗျာကလဲမကောင်းဘူးလို့
အမည်တတ်လို့သာတော်တော့တယ်....
ကောင်းများကောင်းရင်တော့......
ဒီတညမိုးလင်းမယ်...........

Anonymous said...

ငနာ့ ကဗျာတွေက ဘယ်သူက အဆိပ်သင့်တယ်ပြောလို့တုန်း ငနာ ရယ်း) ဒီနာမည်လေး ငါလည်း သူငယ်ချင်းတစ်ယောက်ကို ခေါ်ဖူးတယ် သတိရသွားပြီးးး ။

အိုင်လွယ်ပန် said...

ဟုတ်ပါပြီ ဆရာသမားရယ်
ရေးလိုက်တာမှ အလန် :P

ညိမ်းညို said...

ငနာမဟုတ်ပါဘူးညီလေးရေ :)
ကဗျာတွေ ဒီလောက်ပြောင်မြောက်နေတာကိုကွာ
အဆင်ပြေပါစေ ညီလေးရေ :)

Anonymous said...

ကိုယ့်ဆရာ ကဗျာမှာဒေါသတွေသင့်နေတယ်
စိတ်လျော့ပါဗျာ ကိုယ့်ကိုကိုယ်အဲလောက်လဲ မနှိမ်ပါနဲ့ဗျာ။

Kaung Kin Ko said...

ညီလေး ကဗျာကို ချစ်ပုံက ကြည်နူးစရာပါပဲကွာ။ ဒီအပိုဒ်လေးတော့ အကြိုက်ဆုံးညီရ။

ကဗျာဆရာ အမည်မခံဝံ့တဲ့ ငနာက
အရည်မှီ ကဗျာတစ်ပုဒ် ဖန်တီးရ ၊ ဖတ်ရတဲ့အခါ
ကျောက်သမား ကျောက်အောင်တာကို လှောင်ချင်ရဲ့  ... ။

စိုင်းစိုင်းလားရှိုး said...

ငနာရေ ကောင်းလိုက်တဲ့ ကဗျာ... လန်းတယ်ဝေး.....

ပျံသန်းခြင်းရပ်ဝန်း said...

ကောင်းလိုက်တာဗျာ...
စာသားတွေကအလန်ပဲ...

ခေါင်ခေါင် said...

ငနာရဲ့ ကောင်းလှချည်လား ကဗျာက..
စကားလုံးတွေ ချမ်းသားလှချည်လား..

thihanyein said...

သုံးနှုန်းတာ ပြင်းလှချည်လားညီငယ်ရ
ကောင်းတယ်