့
ညိုမောင်းနက်သန်
ပျံတက်မယ့်အလား မျက်ခုံးတစ်စုံ
ညွှတ်ပြောင်းကော့လန်
ထက်အောက်ဆန့် ထွက် သွယ်လျမျက်တောင်
အိထွေးချောမွတ်
ပုဇွန်ဆီသွေးရောင် မျက်သားဘောင်ကွပ်
ရောင်စဉ်ရွှန်းလဲ့
မျက်ဝန်းနက်နက် တစ်ချက်ကယ်ဝင့်
လည်ပြန်လှည့်ကြည့်လို့  မဆုံးသေးခင်
ကျနော့် အသဲ လန့် ကွဲမတတ်
ရေခဲချပ်များလို ကြွပ်ဆတ်သွားတယ် ... ။
မောင်ငယ်
P.S => သူမ၏ မျက်ဝန်းများက ဒီကဗျာကို ဖန်ဆင်းပါသည်။
Sunday, 28 December 2008
"အကြည့်"
Posted by mgngal at 04:38
Labels: ခံစားမှု ကဗျာများ
Subscribe to:
Post Comments (Atom)
8 comments:
လာကြွားနေတယ် သေချာလည်း မြင်ရတာမဟုတ်ပဲနဲ့း) အားလူးလာမပေးနဲ့ လေတွေနည်းနည်းလျှော့ ဟိဟိ ငါက နောက်ဖို့ပဲတက်တယ် ။
မောင်မျိုး (ဂျီတော့ဝင်ထားလို့ ပြာသိုဖြစ်နေတယ် )
အဲလောက်တောင် ကောင်မလေးအကြည့်ကစားတယ်နော် မိုက်တယ်
အဟား.. အဲဒိလောက်တောင်..ညွှန်းရတာလား..
ဒါကြောင့်လည်း ငါ့ညီငယ်လေး ကြွေဆင်းသွားတယ်
ထင်ပါ့ဗျာ အဟဲ
ဆရာရေ ပုဇွန်ဆီသွေးရောင် ဆိုတော့ ကိုယ့်ဆ၇ာ သူကလေး သွေးအားနဲနေပြီထင်တယ်ဗျို့ ဟိဟိ
အဲသလို မျက်ဝန်းမျိုးလား ကိုယ့်ဆရာ .....:P
ကောင်းလိုက်တာ ညီလေးရာ။ မျက်ခုံးတွေ မျက်တောင်တွေ မျက်သားတွေကို သူများတွေလို ရိုးအီနေအောင် မဟုတ်ပဲ ဆန်းဆန်းပြားပြား လှလှပပ ဖွဲ့ ထားတာ တော်တော်လေးမိုက်တယ်။
ရေတွေခဲနေပြီ ဂါဒီရေ :)
Post a Comment