ံ
နှစ်ကိုယ်ကြားပဲပြော ..
နှစ်ကိုယ်ကြားရုံလောက်ပဲပြောပါ ...
နံရံတွေ လေလှိုင်းတွေက
တို့ စကားသံ ခိုးနားထောင်သံကြားတယ်
နားတွေမှ မလိုပဲ
ရင်ဘတ်ချင်းပဲ ချိတ်ဆက်စေ
နှလုံးသားချင်းက
ချက်ဆို နားခွက်က မီးတောက်ပြီးသား
သူတော်ချင်း
သတင်းလွေ့ လွေ့ တဲ့ 
ချစ်သူချင်း
ချစ်ခြင်း တငွေ့ ငွေ့ ပေါ့
တိတ်တဆိတ် နေတာတောင်
ရင်ချင်းခတ်သံ ကြားနေပြန်သေး ... ။
မောင်ငယ်
Friday, 20 February 2009
"တိုးတိုးတိတ်တိတ်"
Posted by mgngal at 00:49
Labels: ခံစားမှု ကဗျာများ
Subscribe to:
Post Comments (Atom)
15 comments:
ကဗျာ လှလှလေးတစ်ပုဒ် ဖတ်သွားပါတယ်။
ကျေးဇူးတင်ပါတယ်။
အဟ တိုးတိုးတိတ်တိတ်လုပ်ပါ ကိုမောင်ငယ် လူတွေသိကုန်ပြီး :P
ကဗျာလေးခံစားသွားတယ်ဗျိုးးးးး ကောင်းသောနေ့ပါ ဗျာ :)
ဟုတ်တယ်ဟေ့ ..
တိုးတိုးတိတ်တိတ်လေးပဲကောင်းပါတယ် ...
တိုးတိုးတိတ်တိတ်ရင်ခုန်သံတွေနားဆင်သွားတယ်ညီရေ။
သူတော်ချင်း
သတင်းလွေ့ လွေ့ တဲ့ 
ချစ်သူချင်း
ချစ်ခြင်း တငွေ့ ငွေ့ ပေါ့...
အတွေးရော အရေးပါ ကောင်းတယ်ညီရေ့...
တိုးတိုးတိတ်တိပဲ ဖတ်သွားပြီး တိုးတိုးတိတ်တိတ်ခံစားသွားပါတယ်...
ဘာတွေပြောကြတာတုန်း ငါ့ကိုလည်းပြောပြပါ ဒါမျိုးဆို စိတ်ဝင်စားတယ်း)
ဟဟ..တကယ်ကို တိုးတိုးတိတ်တိတ်ပြောတယ်ဆိုတာ ငါသိပါတယ်ကွာ မင်းကလည်းကြေငြာမနေပါနဲ့..:P
အနေအထားက တော်တော်ပူးကပ်နေတဲ့အနေအထား..
နှလုံးသားချင်း ကိုပြောပါတယ် :P
ကဗျာဂွတ်တယ်ဗျို့ .....
တိုးတိုးတိတ်တိတ်လေးက အရသာရှိတယ်
ညီငယ်
တိုးတိုးတိတ်တိတ် ဆိုပေမဲ့
ရိုးတိုးရိပ်တိတ်တော့ သိလိုက်ပီ :P
မပြောပြဘူး
သတ်ပလိုက် :D
ညီလေးရေ
အားကျငေးမော ပြန်သွားကြောင်း :)
ဟားဟားတိုးတိုးတိတ်တိတ်ကလည်းအကုန်သိအောင်
ကိုယ်တိုင်ပဲကြော်ငြာလိုက်ပြီလား
တိုးတိုးလုပ်လေ :P
အဟိ..တိုးတိးတိတ်တိတ်တဲ့
တခုခုတော့တခုခုပဲ
ချစ်စရာကောင်းတဲ့ ကဗျာလေးပဲ။
ချစ်တတ်လိုက်ကြတာ ၊ အားကျတယ်ဟေ့ :P
ချစ်သူချင်း
ချစ်ခြင်း တငွေ့ ငွေ့ ပေါ့
တိတ်တဆိတ် နေတာတောင်
ရင်ချင်းခတ်သံ ကြားနေပြန်သေး ... ။
Post a Comment