့
ခုခါ
သူ့ ရင်တလင်းမှာ
ပြတ်ရွေ့ ကြောင်းတွေ ထူထဲလာတာ
ဒီကဗျာကြောင့်ပဲ ဖြစ်မှာ ။
နွေပါ
ဖြတ်သန်းနေရတာက
နွေခေါင်ခေါင်ဟာ ဆောင်းယောင်ဆောင်လို့ 
သူပါ ရောယောင်ပူသွားပါပေါ့။
ဝေးပြီ
သစ်စေ့လေးရေ
မင်းရှင်သန်ဖို့  အမြစ် ဘယ်လိုမြစ်ကမှ
စီးဝင်မလာဘူးတဲ့ ။
သူလည်း
ကာရန်တွေ ညစဉ်
စိတ်ထင်တိုင်း ချူကာချတော့ အဆွေးအလွမ်း
ကသမ်းကရမ်း ကြွေကာကျ ။
စိတ်ထဲ
သူရယ်ကိုယ် ကြိတ်ကြေကွဲ
အရိပ်အယောင်တွေ ထထ ကတတ်တော့
လက်ယှက်ထိုး ကြိတ်ဖျက်ခဲ့ရ။
အိုကွယ်
ဘယ်လို အဆိပ်အတောက်က
တို့ အိပ်မက်ကို ယောက်ယက်ခတ်စေနိုင်မလဲ
ပွဲပြီးရင် မီးသေရစမြဲ ။
မောင်ငယ်
Wednesday, 25 February 2009
“နွေတေး”
Posted by mgngal at 00:22
Labels: ခံစားမှု ကဗျာများ
Subscribe to:
Post Comments (Atom)
12 comments:
ကဗျာဆရာ ရင်ထဲတော့မသိဘူး ..
အပြင်မှာတော့ (-) ပြနေတယ်ဗျ...
အဟေးဟေး :P
ညီငယ်... ကိုရင်ညိန်းပြောသလိုပဲ... နွေခေါင်ခေါင်က ဆောင်းယောင်ဆောင်လား မဆောင်လားတော့ မသိဘူးကွာ... အပြင်မှာ ချမ်းချက်ကတော့ လှမ်းဖက်ထားတောင် နွေးမှာမဟုတ်ဘူး...။ :D
ကိုမောင်ငယ် ကြည့်လုပ် အပြင်သွားအနွေးထည်တော့ ထူထူဝတ်ဦးဗျနော ဆောင်းမကုန်သေးဘူး လေဖြတ်သွားမယ်နော :P ပွဲပြီးရင်တော့ လိုက်ကာချ အဲမှားလို့ ဇာတ်ပွဲမှမဟုတ်တာ မီးသေ မီးသေသွားတယ်ပေါ့နော် ကိုမောင်ငယ် ကောင်းသောနေ့ :)
ကဗျာဆရာ...သတိနဲ့သွားလာပေါ့
ဒါလောက်ပဲပြောမယ်...
ပွဲပြီး၇င်တော့ မီးသေရမှာပေါ့ကွာ...း)
ခုခါ နွေပါ ဝေးပြီ သူလည်း စိတ်ထဲ
အိုကွယ် ....
ပွဲပြီးရင်မီးသေရစမြဲ .....
ဒီကဗျာလေးသိပ်ကြိုက်တယ်ဗျာ .....
မီးဘဲသေမလား မင်းဘဲသေမလားတော့မသိဘူး :P
ကောင်းတယ် ဟေ့
အိုကွယ်
ဘယ်လို အဆိပ်အတောက်က
တို့ အိပ်မက်ကို ယောက်ယက်ခတ်စေနိုင်မလဲ
ပွဲပြီးရင် မီးသေရစမြဲ .....
ခံစားချက်တွေပြည့်လျှံနေပုံရတယ်..ကဗျာမှာတောင်စီးဝင်လျှံကျနေတာတွေ့ရတယ် ကိုယ့်ညီရေ...
နွေတေးလေးကို နားဆင်သွားတယ်ညီ။
အဲ့မှာ အရမ်းအေးတယ်ဆို ဘာလို့ နွေတေးတာတုန်း ကျောင်းပြေးး)
ဘယ်သူက အိမ်မက်တွေကို အဆိပ်ခတ်သွားသလဲ
ပွဲပြီးရင် မီးသေရစမြဲ အဲဒီကဗျာအပိုင်းအစအတွက်တော့ ဘာရယ်မသိ ဝမ်းနည်းမိတယ်
ပွဲပီးရင် မီးတော့သေတယ်
မီးကြွင်းမီးကျန်လည်း ကြည့်ရှင်းဦး ညီရေ :D
Post a Comment