့
ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲတယ်
ကိုရီးယားလည်း နှစ်ခြမ်းကွဲတယ်
တောင်ဘက်အိမ်က ကိုသာအေးတို့ လင်မယားလည်း ကွဲတယ်
ဘယ်သူတွေ ဘာကွဲကွဲ
ငါ့ရင်ဘတ်ကြီး ဗြန်းဗြန်းကွဲလို့ တော့ မဖြစ်ဘူး ကောင်မလေးရေ
တို့ တွေကြားက လွဲချော်မှုတွေ အကြောင်း
စကားလုံးတအား ဖောင်းပွအောင် မပြောချင်ဘူးကွယ်
တစ်ယောက်ကိုတစ်ယောက်
အမြင်ကတ်လောက်အောင် ချစ်တယ်ဆိုတဲ့ အကြောင်းပဲ
အခြေအတင်ထပ်လောင်းလို့  ပြောချင်ပါတယ်
မိုးထိုးနေသော မင်းအတ္တ ၊ ခေါင်ခိုက်နေသော ငါ့မာန
နေအထွက်မှာ အဆုံးသတ်မြုပ်နှံဖို့ 
မနက် (၈) နာရီ ထပါ
ကဘော်ချိုင့်ဝှမ်း ငါစရန်သတ်ထားနှင့်ပြီးပြီ … ။
မောင်ငယ်
Tuesday, 3 March 2009
“အမှိုက်”
Posted by mgngal at 01:39
Labels: ခံစားမှု ကဗျာများ
Subscribe to:
Post Comments (Atom)
16 comments:
တစ်ယောက်ကိုတစ်ယောက်
အမြင်ကတ်လောက်အောင် ချစ်တယ်ဆိုတဲ့ အကြောင်းပဲ
အခြေအတင်ထပ်လောင်းလို့  ပြောချင်ပါတယ်....
ခေတ်စကားနဲ့ပြောရရင် ကဗျာလေးက”လန်း”တယ်ညီရေ့
အဟဲ.. မိုက်လှချည်လားဗျ.. ကဗျာက
ဟား.. ဒီကဗျာက မိုက်တယ်
ကိုမောင်ငယ် စရန်တောင်သတ်လိုက်ပြီးပြီလား
မိုက်တယ်ဗျာ :P
ခံစားသွားတယ် ရင်ဘတ်ထဲထည့်ပြီးတော့ ကောင်းသောနေ့ဗျာ :)
စရန်သတ်ထားပြီဆိုတော့ တစ်ဝက်သေချာပြီပေါ့ :P
ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲတယ်
ကိုရီးယားလည်း နှစ်ခြမ်းကွဲတယ်
တောင်ဘက်အိမ်က ကိုသာအေးတို့ လင်မယားလည်း ကွဲတယ်
ဘယ်သူတွေ ဘာကွဲကွဲ
ငါ့ရင်ဘတ်ကြီး ဗြန်းဗြန်းကွဲလို့ တော့ မဖြစ်ဘူး ကောင်မလေးရေ
ထူးထူးဆန်းဆန်းထွေးပြီးရေးထားတာပါပဲ
ကဗျာကို အတွေးတွေနဲ့အတူ ရင်ထဲထည့်ယူသွားပါတယ်
ပျော်ရွှင်ပါစေ--
ကွဲတဲ့အကြောင်း သိပ်မရေးနဲ့... မင်းနော်တော်က ကွဲတဲ့အသံကြားတာနဲ့ ရင်ဘတ်တစ်ခုလုံးက သိမ့်သိမ့်တုန်တတ်လွန်းလို့...။ အဟတ်ဟတ်..။ မနက် ၈ နာရီထိုးပါပြီး ထပါတော့...။ စာသင်ခန်းကို စရန်ရိုက်ထားပြီးပြီ...။
ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲတယ်
ကိုရီးယားလည်း နှစ်ခြမ်းကွဲတယ်
တောင်ဘက်အိမ်က ကိုသာအေးတို့ လင်မယားလည်း ကွဲတယ်
ဆိုတဲ့စာသားလေးကြိုက်တယ်ဗျာ
အဟီးးအကွဲအပြဲအကြောင်း
မကြားချင်ဘူးနော်....
ရန်မဖြစ်ရဘူး။
အသစ်လာကြည့်တာ--
အဟောင်းပဲ ပြန်ဖတ်သွားပါတယ်--
မိုးတောင်လင်းသွားတယ် ။ ၈ နာရီတော့နိုးမှာမဟုတ်တော့ဘူး ။
အဟီးး......မောင်မျိုးလည်း ကွဲတယ် နဖူး အချစ်ကအာဘွားပေးတာ သွားနဲ့ ပေါက်ထည့်လိုက်သလိုဖြစ်သွားလို့း)
ကဘော်ချိုင့်ဝှမ်း ငါစရန်သတ်ထားနှင့်ပြီးပြီ
မရပါဘူးဝေ့
ကဘော်ချိုင့်ဝှမ်းက
ငါတို့ ဦးထားပီးပီ :P
ဝိုးးးးးးးးးးးးး
အလန်းကြီးတွေ
လန်းတယ်ဟေ့
Post a Comment